Ep-1

11.3K 420 4
                                    

Unicode

တံစက်မြိတ်က မိုးစက်လေးတို့က တစ်စက်တစ်စက် အလျှင်အမြန်ပဲ ကျဆင်းနေကြသည်။နေ့နေ့ညညအဆက်မပြတ်ရွာနေသည့် မိုးတို့ကြောင့် ဆိုလာကရသော မီးအလင်းရောင်လေးက ပျောက်လုပျောက်လုဖြစ်နေပေမယ့် ထင်းမီးဖိုလေးဖိုထားသေးသည်မို့   တဲထဲတွင်တော့
အတန်အသင့်လေးလင်းနေသေးသည်။
ရေနွေးကြမ်းကို တဟူးဟူးမှုတ်သောက်ရင်း လယ်ထဲက ပြန်လာပါက အသင့်စားသောက်နိုင်အောင် ပြုတ်ထားသည့်ပဲပြုတ်အိုးလေးထဲက ပဲပြုတ်တစ်ပန်းကန်ခူးခတ်ထားလိုက်သည်။
ထို့နောက်ထမင်းတစ်အိုးချက်ပြီးအချိန်တွင်တော့
ဝေလီဝေလင်းအချိန်ရောက်ပြီမို့ နွားနှစ်ကောင်ကိုထွန်တုံးဆင်ပြီး လယ်ထဲဆင်းဖို့ ပြင်ရလေသည်။
ဒီမြေတို့ကို သူမပိုင်ပေမယ့် ဒီမြေတွေပေါ် ပေါက်လာမည့် စပါးပင်တို့ကိုတော့ သူချစ်သည်။

ပင်းကျိုင်းရွာက ဓလေ့ထုံးစံဆိုသည့် သူက
သူဆိုတာမိမရှိဖမရှိတစ်ကောင်ကြွက်၊သူများအိမ်က လယ်သူရင်းငှားလေးတစ်ယောက်။
နာမည်တောင်မရှိ၍ သူနေခဲ့တဲ့ရွာဦးကျောင်းက ဘဘုန်းက ပေးခဲ့ရသည်။
မြန်မာဇာတ်ထုတ်ပြဇာတ်တွေ၊မြန်မာသံသီချင်းတွေကို ကြိုက်လွန်း၍ တစ်ရွာလုံးက သူ့ကို မြန်မာသံလို့ ခေါ်လိုက်ကျတာ နာမည်တွင်တော့မည့်ဆဲဆဲ ဘဘုန်းကြီးက ဓလေ့ထုံးစံလို့ ခေါ်စေကာမှ နာမည်လေးတစ်လုံးရလာသည်။
မွေးစကတည်းကပစ်ထားခဲ့သော အမိအဖတို့ကို တမ်းတပြီးရှာဖွေမနေတော့ဘူး။
ငယ်စဥ်ကတော့ ရွာဦးဘုန်းကြီးကျောင်းတွင် ဦးပဇ္ဇင်းတို့၏ဝေယာဝစ္စမှန်သမျှ လုပ်ပေးပြီး ဆွမ်းကျန်ကွမ်းကျန်တို့ကိုစားကာ သင်ပေးသမျှစာအံရင်းနေခဲ့ရသည်။
အသက်အရွယ်ကြီးရင့်သည်အထိ
ဘဘဘုန်းကြီးတို့ကို အားကိုးပြီးနေလို့မသင့်သည်မို့ ၁၃/၁၄နှစ်အရွယ်ရောက်သည်နှင့် ဘဘုန်းကြီးတို့ထံမှ ထွက်ကာ ရရာအလုပ်မျိုးစုံလုပ်ကာ သူ့ဝမ်းသူကျောင်းခဲ့လေသည်။
နွားကျောင်းအငှားလိုက်၊ပေါင်းထိုးအငှားလိုက်နှင့်ကောက်စိုက်စပါးရိပ် အလုပ်မျိုးစုံကို အသက်14နှစ်နှင့်မမျှအောင်လုပ်ခဲ့ဖူးသည်။
ထိုအချိန်က သူရသည့်ငွေက တစ်နှစ်ပတ်လုံးလုပ်ကာမှ စာရင်းပြနိုင်သည့်ငွေ တစ်သိန်းခွဲနှစ်သိန်းမျှ။
၁၈နှစ်လောက်ရောက်ကာမှ တစ်နှစ်ပတ်လုံး အလုပ်လုပ်နိုင်သည့် လယ်သူရင်းငှားအလုပ်ကို ရသည်။
‌နေစရိတ်၊စားစရိတ်မပူရ၊တစ်နှစ်စာလုပ်အားခ စပါးတင်း၁၅၀နှင့် ၄နှစ်စာသူရင်းငှားလုပ်လာခဲ့သည်မို့ ငွေပိုငွေစအနည်းငယ်ကို စုဆောင်းထားမိသည်။
နောက်နှစ်အနည်းငယ်ဆိုလျှင် မြေကွက်ရိုင်းအနည်းငယ်ဝယ်ပြီး ကိုယ်ပိုင်လယ်မြေလေးနှင့်အခြေတကျလုပ်ကိုင်နိုင်တော့မည်။
သူချစ်တဲ့အပင်လေးတွေကို သူပိုင်သည့်မြေမှာ
စိုက်ပျိုးနိုင်ရေးက သူ့ကိုယ်ပိုင် အိမ်မက်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now