Ep-13

1.7K 162 5
                                    

Unicode

ရိုးရာထုံးစံ
နာမည်နှစ်ခုပေါင်းပြီး ရေးထိုးထားသည့် ဆည်းလည်းလေးများကို အိမ်အဝင်တံခါးပေါက်တွင် ချိတ်ဆွဲထားသည်။
ဝင်လိုက်ထွက်လိုက်နှင့် အလုပ်များနေသည့် အညီကြောင့် ထိုဆည်လည်းလေးများက မနက်ခင်းစောစောမှာပင် လှုပ်လီလှုပ်လဲ့နှင့် ငြိမ်သက်မနေရ။
မြူတစ်ဝက်၊နှင်းတစ်ဝက် အလင်းရောင်ပင် ကောင်းကောင်း မမြင်ရသေးပေမယ့် မနက်ပိုင်းစာသင်ဝိုင်းသွားရဦးမည်။

လွန်ခဲ့သည့်နှစ်ကလည်း တစ်နှစ်လုံးစာ ကြိုးစားခဲ့ပြီးသည်မို့ ကိုယ်တိုင်ပြန်လေ့လာရန် အခက်အခဲမရှိသော်လည်း ဆရာဆရာမများ၏လမ်းညွှန်ချက်အနည်းငယ်တော့ လိုအပ်နေသေးသည်။
ကပြာကယာဖြစ်နေသောအညီကြောင့် မနက်ပိုင်းခင်းစောစောမှာပင် အညီတို့အိမ်လေးက အသံစီစီ။

"ဒီနေ့လည်း နောက်ကျပြန်တော့မယ်.."

"နောက်မကျပါဘူး..မလောပါနဲ့...
သွား...စာအုပ်ပဲ သွားထည့်လိုက်....
ကော်ဖီဘူးနှင့်မုန့်လည်း စားပွဲပေါ်မှာ
တင်ထားခဲ့တယ်နော်...
အစ်ကို စက်ဘီးထုတ်ထားလိုက်မယ်...
အနွေးထည်ထူထူပါ ဝတ်လာခဲ့ဦးနော်.."


"ဟုတ်ကဲ့.."

အတန််းချိန်ရှိသည့်သူက အညီဖြစ်ပေမယ့် စောစောစီးစီးထပြီး လိုအပ်တာမှန်သမျှပြင်ပေးသည့်သူကတော့ ထုံးစံ။
စာသင်ချိန်က နေ့ခင်း၁၀နာရီအထိ ကြာတတ်သည်မို့ ခဏနားချိန်တွင် စားသောက်နိုင်အောင် ကော်ဖီနှင့်မုန့်တစ်ချို့ကိုလည်း အဆင်သင့်လုပ်ပေးထားသား။
မနက်စာပြင်ပြီးသည်နှင့်အညီကိုနိုးကာ စက်ဘီးတစ်စီးနှင့် စာသင်ဝိုင်းရောက်သည်အထိလိုက်ပို့ပေးသေးသည်။
အခုချိန်ထိ အိပ်ယာစောစောထခြင်းကို အကျင့်မလုပ်နိုင်သေးသည့် အညီကတော့ဒီနေ့မှာလည်း ၅မိနစ်စာလေးဟုဆိုကာပြန်အိပ်လိုက်သည်မို့ အိပ်ယာထနောက်ကျပြန်သည်။
တော်သေးသည်က ထုံးစံက အဆင်သင့်လုပ်ထားပေး၍သာ။
အသင့်ထုတ်ထားပေးသည့် သိုးမွေးထည်ကို ဝတ်ပြီး လိုအပ်သည့်စာအုပ်များကို လွယ်အိတ်ထဲထည့်ပြီးသည်နှင့် စာသင်ဝိုင်းဆီပို့ဆောင်ပေးမည့် စက်ဘီးလေးနှင့် လူကြီးဆီ။

ရိုးရာထုံးစံ(Completed )Where stories live. Discover now