Ep-17

1.9K 142 11
                                    

Unicode

18နှစ်ပြည့်မွေးနေ့က လာမည့်7ရက်နေ့တွင်ပြည့်မည်ဟု ပြောလိုက်မိသော်လည်း လာမည့်7လပိုင်းမှ ပြည့်မည်ဟုများ ထင်သွားခဲ့လေသလား။
ထုံးစံတစ်ယောက်ဟာ အညီစာမေးပွဲပြီးကတည်းက အနားကပ်ခွင့်ပင်မရတော့။
ပစ်ထားခဲ့သည့်မြေပဲခင်းကို ဂရုတစိုက်ပြုစုနေရသည့်အပြင် ဝယ်ထားသည့်မြေကွက်ရိုင်းတွေကိုပါ ကိုင်းနိပ်ပြီး မြေသားသောအောင် ပြုပြင်ရသည်။
ချွေးပြိုက်ပြိုက်ကျပြီး ပင်ပန်းရလည်း နှစ်ယောက်၏အနာဂတ်အိမ်မက်မှာ သာယာစိုပြေရန်အတွက်ဟု တွေးမိသည်နှင့် ပင်ပန်းရသမျှ ထိုက်တန်လွန်းပါသည်။

"ထုံးထုံး ပြန်လာပြီလား..."

"ပြန်လာပါပြီဗျာ...
ဒီနေ့ကျမှ ထူးထူးဆန်းဆန်းသနပ်ခါးတွေပါ လိမ်းလို့ပါလား...
အနားကပ်လိုက်တာနဲ့ မွေးနေရောဗျာ...
ကိုယ်ကတော့ ချွေးတွေ နံစော်နေတာပဲ...."

"နေပူလွန်းလို့ အေးနေအောင်
သနပ်ခါးလိမ်းထားလိုက်တာ...
ဘယ်လိုလဲ ကျွန်တော် ချောလား..."

"ချောပါ့ဗျာ...
ထုံးစံယောက်ျားက ဒီကမ္ဘာမှာ အချောဆုံး၊ချစ်စရာအကောင်းဆုံးပဲ..."

သူ့အကြိုက်လိုက်ကာ စိတ်ကျေနပ်အောင်ပြောတော့ ချိုချိုမြမြ အပြုံးလှလှကြီးကို ပေးသည်။
တကယ်လည်း အညီက လူချောလေးတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
ဝါဝါဝင်းဝင်း သနပ်ခါးအနှစ်တွေချည်းသွေးလိမ်းထားသည့် အညီပါးပြင်နှစ်ဖက်က ဝလုံးပုံသဏ္ဍာန်သနပ်ခါးပါးကွက်လေးက ဝိုင်းဝိုင်းညီညီ။
ကြည်လင်နေသည့် မျက်နှာထားရယ် ကြက်တောင်စုဆံပင်လေးရယ်နှင့်မွေးပျံပျံသနပ်ခါးရနံ့တို့ကြောင့် တစ်နေကုန်တစ်နေ့ခမ်းမောပန်းလာသော ကာယလုပ်သားကြီးမှာ ညခင်းအချိန် အိမ်အပြန်ကို လာကြိုတတ်သည့် လင်တော်မောင်အညီ၏မျက်နှာကို ကြည့်ရုံ

အမောပြေရသည်။

"ထုံးထုံး အခုတလော ဘာဖြစ်နေတာလဲ...
ကျွန်တော့်နားလဲ မကပ်ဘူးနော်..."

ရိုးရာထုံးစံ(Completed )Where stories live. Discover now