Ep-7

2K 214 3
                                    

Unicode

2ရက်။
ဒီတစ်ရက်တော့ စိတ်ဆိုးပါရစေဆိုတဲ့လူကြီးက အညီကို စကားမပြောတာ 2ရက်ရှိပြီ။
မှားနေမှန်းသိသိကြီးနဲ့ ကျူးလွန်မိခဲ့တာ ချစ်မိလို့။
တောင်းပန်ရုံနဲ့ ပြီးသွားမည့်ပြဿနာမဟုတ်မှန်းမှန်းသိပေမယ့် မမေမျက်ချယ်ကိုလည်း အထပ်ထပ်အခါခါ တောင်းပန်ခဲ့တယ်။
သဘောထားပြည့်ဝတဲ့ မမေမျက်ချယ်က အပြစ်မဆိုဘဲ ခွင့်လွတ်ပေးခဲ့သည်။
ဒါပေမယ့် အညီကတော့ တစ်သက်လုံးစာအတွက် အားနာစိတ်နဲ့နေထိုင်သွားရတော့မည်။ သူ့လုပ်ရပ်က မိန်းကလေးတစ်ယောက်၏ဖြူစင်သည့်သိက္ခာတရားကို စော်ကားလိုက်မိခြင်းမို့
နောင်တတရားတို့က သူ့ကို နှိပ်စက်နေတော့သည်။
ထုံးစံဘက်ကို တွေးကြည့်ပြန်တော့လည်း အညီတွင်ပုံနေသည့်အပြစ်တို့က အထင်းသား။
ရိုးရိုးအေးအေးနေတတ်သည့် ထုံးစံဟာ အညီကြောင့် တစ်ခြားသူ၏ခံစားချက်တွေကို ကစားတတ်သည့်လူအဖြစ်ခံခဲ့ရသည်မဟုတ်လား။
မှားခဲ့သည့် အမှားတွေကို တောင်းပန်ကာ
အညီဘက်က စကားစပြောချင်ပေမယ့် တည်ငြိမ်အေးစက်လွန်းသည့် ထုံးစံ၏ပုံစံကြောင့် ပြောမိကာမှ ထပ်ပြီး အမှားလုပ်မိပြန်မည်စိုးသောကြောင့် စကားစရန် ခွန်အားပင် မရှိ။
အတွေးတွေနဲ့ ဖိစီးနေတဲ့အညီကို ထုံးစံကပါစကားမပြောတရားမဟော ရုပ်တည်ကြီးနှင့်နေကာ ဂရုမစိုက်သည်မို့ ပိုပြီးစိတ်အားငယ်မိသည်။
မိမိကိုယ်သာ အပြစ်တင်ရင်း နွားစားကျက်ထဲ နွားတွေကို အကြောင်းမဲ့ငေးကြည့်ကာ မိုးဖွဲတွေကျနေသည့်ကြားက ဆောင်းစရာခမောက်တောင်မပါဘဲ ငြိမ်ငြိမ်ထိုင်နေမိသည်။
နာရီဝက်၊တစ်နာရီ၊နှစ်နှာရီ။
ရွာကျနေသည့် မိုးစက်‌တို့က မစဲသွားသည့်အပြင် သည်းသည်းမဲမဲ။
အချိန်တော်တော်ကြ‌သည်အထိ မလှုပ်မယှက်ထိုင်နေမိသည့် အညီကိုယ်လေးက မိုးရေတွေကြား ခိုက်ခိုက်တုန်ကာ တုန်ရီနေခဲ့ပြီ။
နေဝင်မိုးချုပ် ငုတ်တုတ်လေးထိုင်နေခဲ့သည့်အကျိုးက ထုံကျင်နေသည့်ခြေထောက်။
အားယူကာ ဖြည်းဖြည်းချင်း လှမ်းလျောက်ရင်း နွားတင်းကုတ်လေးဆီသို့။
တစ်ကိုယ်လုံးပူခြစ်ကာ ခေါင်းမထောင်နိုင်လောက်အောင်မူးဝေနေသည့် အညီဟာ နွားစာကျွေးသည့် စလောင်းထဲ ဝုန်းခနဲ ပြိုလဲကျသွားသည်။
ထိုအချိန်မှာ တောင်းတမိသည့်က သူခင်တွယ်ရသည့်လူသားရောက်လာပေးဖို့။
မျက်စိစုံမှိတ်ကာ အရာအားလုံးမေ့လျော့ခါနီးအချိန်တွင်တော့  သူနာမည်အား စိုးရိမ်တကြီးခေါ်သံနှင့်အတူ ရင်ငွေ့နွေးနွေးထဲ ဝင်ရောက်နိုင်ခဲ့သည်။
မျှော်လင့်ချက်ပြည့်ဝသွားသည်မို့ထင်ပါရဲ့။
မျက်လုံးအစုံက လုံးဝမှိတ်ကျမသွားခင် အလှပဆုံးအပြုံးတစ်ပွင့်ကိုပေးကာ လေသံယဲ့ယဲ့လေးနှင့် မပြောရဲခဲ့သည့်စကားလေးကို အဆုံးထိပြောလိုက်နိုင်ခဲ့သည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now