Unicode
ရယ်ကာမောကာဖြင့် မိန်းကလေးတစ်စု၏အသံစီစီတို့ကို အညီနားထဲ အတိုင်းသားကြားနေရသည်။
မြို့ပြလူသား အညီက မနက်စောစောအိပ်ယာထခြင်းကို နည်းနည်းလေးမှ အကျင့်မဖြစ်သေး။
ခလောက်သံညံညံနှင့် နွားမောင်းနေသည့် အသံတို့ကိုလည်း ကြားနေရပြီဖြစ်၍ ထုံးထုံးတစ်ယောက် လယ်ထဲဆင်းကာ အလုပ်လုပ်နေပြီဖြစ်ကြောင်း သိနေရသည်။
ရွာရောက်ကတည်းက မညှပ်ဖြစ်သည်မို့ အနည်းငယ်ရှည်နေသည့် ဆံပင်တို့က အိပ်ယာထခါစမို့ ဖရိုဖရဲပွလန်ကြဲလျက်။
အသက်ငယ်ငယ် မိန်းကလေးတစ်ချို့က
လက်ဖြင့်ဖိသပ်ချပြီး အညောင်းဆန့်ကာ တဲထဲကထွက်လာသည့် အညီ၏အိပ်ချင်မူးတူးပုံစံကို ကြည့်လိုက် ဘေးနားကကျန်လူများအားပြောလိုက်ဖြင့် တခစ်ခစ်ရီနေကျသည်။
အလုပ်ကိုယ်စီနှင့် မအားမလပ်နိုင်အောင် အလုပ်များနေကြသည်မို့ အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ကူညီပေးနိုင်ရန် စိုက်ပျိုးနေကြသည့်လူတွေနား လျှောက်လာခဲ့သည်။"မမတို့ သား ဘာကူပေးရမလဲ..."
"အမလေး...
ခေါ်လိုက်တာလေးက မမတဲ့ရှင်..
ငါနော် အသည်းတွေယားလိုက်တာ..."စလိုက်သည့်စကားက မဆုံးတော့သည့်နှယ်။
မောင်လိုချင်သည့် မမတစ်စုက သဲသဲလှုပ်ကာ သူ့ထက်ငါအသာ မောင်လေး တော်နေကြသည်။"အေးဟယ်..
သူ့ကိုယ်သူလည်း သားလို့ပြောသေးတယ်...
တကယ့်ကလေးလေးလိုပဲ..
တို့ရွာက ကောင်ကလေးတွေများ ဒီအရွယ်ဆို မြောက်ကြွမြောက်ကြွနှင့် ကောင်မလေးတွေအထင်ကြီးအောင်လို့ဆိုပြီး သားဆိုတာကို မပြောကြတော့ဘူး...""မောင်လေး...
မမတို့ မောင်လေးလာလုပ်ပါလား..
လိုချင်တာ အကုန်ရစေရမယ်..
ဒီလ်ုချစ်စရာကောင်းတဲ့မောင်လေးမျိုးရချင်နေတာအိမ်ကကောင်က အမတွေနား
ကပ်ပြီးမချွဲတော့ဘူး""အဲ့ဒါဆိုရင်တော့ မမတို့နောက်ကျသွားပြီကွာ...
ထုံးထုံးက သားကို တာဝန်ယူစောင့်ရှောက်ပါမယ်ဆိုပြီး ဘကြီးမောင်းဆီမှာ တောင်းထားပြီးသား...ဟီး..."
![](https://img.wattpad.com/cover/279461325-288-k355458.jpg)
YOU ARE READING
ရိုးရာထုံးစံ(Completed )
Romance"ဒီမြေကိုလည်း အစ်ကိုမပိုင်ဘူး... အညီကိုလည်း အစ်ကို မပိုင်ဘူး... ဒီမြေပေါ်မှာ ရှင်သန်နေတဲ့ စပါးပင်တွေကို အစ်ကိုမရိပ်သိမ်းခင်အထိပဲ ချစ်ခွင့်ရတယ် အညီ့ကိုတော့ ကိုယ့်အပိုင်အဖြစ် တစ်သက်လုံးစာ ချစ်ခွင့်ရနိုင်မလား..." ဓ...