Ep-16

1.6K 155 7
                                    

Unicode

"အညီ ဘောပင်အိတ်..."

"ပါပါပြီ..."

"အိတ်ပဲပါပြီး အဓိကကျတဲ့ဟာတွေ
ကျန်ထားမယ်နော်...
ထပ်စစ်ကြည့်ပါအုံး..."

"နှစ်ခါတောင် စစ်ကြည့်ပြီးပြီလေ..."

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီး၏နောက်ဆုံးနေ့ပဲ ရောက်ခဲ့ပြီ။
စာမေးပွဲခန်းဝင်မယ့် အညီက ဘာမှမဖြစ်သလို စိတ်မလှုပ်ရှားရပါဘဲ ထုံးစံကြီးမှာသာ နေ့စဉ်နေ့တိုင်း ပြာယာခတ်လို့ကောင်းဆဲ။
အညီ ညဘက် စာနွေးပြီး၍အိပ်ယာဝင်ခါမှ လိုက်ဝင်ပေမယ့် အညီထသည့်အချိန်ထက် သူကစောထသည်။

ြေပဲခင်းပေါင်းနုတ်စရာရှိသေးသည်ကိုပင် လူငှားလွှတ်ကာ သူ့မှာ မသွားအားရှာ။
‌စောစောစီးစီးထကာ စားသောက်စရာအသင့်ပြင်ပေးထားသလို ရေချိုးနိုင်အောင်လည်း ရေနွေးနွေးလေးကို အဆင်သင့်စပ်ထားပေးပြီးသား။
အညီစာဖြေသည့်အချိန်တွေဆိုလည်း သူ့ခမျာ ကျောင်းနဲ့ခပ်လှမ်းလှမ်းက ကုက္ကိုလ်ပင်ရိပ်အောက် အညီထွက်လာရမည့်အချိန်ကို ထိုင်စောင့်နေတတ်သည်။
မစောင့်နေဖို့ ပြောလည်းမရ။
မပြောကောင်းမဆ်ိုကောင်း အညီသာ တစ််ခုခုဖြစ်ပြီး ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မှာစိုးသည်ဟုဆိုကာ နောက်ဆုံးရက်အထိ ထိုင်
စောင့်ပေးနေဆဲ။
မေမေကပင် အကဲပိုလွန်းသည်ဟုဆိုကာ သူတို့ကြား ဘာမှဝင်မပါတော့သည့်အပြင် အညီစာမေးပွဲထွက်လာတာနဲ့  တန်းပြန်တော့မယ်ဟုပင် ဆိုလာသည်အထိ။

"ဒီနေ့လဲ စိတ်တိုင်းကျရဲ့လား..."

"သေချာပေါက်ပဲပေါ့...
ဘယ်သူမို့လဲ...အညီရိုးရာလေ..."

စီးနေကျစက်ဘီးလေးကို တွန်းပြီး နှစ်ယောက်
ယှဥ်ကာအတူသွားရသည်က နေပူပေမယ့် ပင်ပန်းလှသည်လို့ မမြင်ခဲ့။

ညီအမေရှိရာကားဂိတ်ကို သွားကြရင်း ဖြေနိုင်ရဲ့လားမေးတော့ ကောင်ကလေးက သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားသလို ခေါင်းမော့ရင်ကောပြီး လက်သီးလက်မောင်းတန်းကာပြန်ဖြေသည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now