Ep-2

3.3K 279 11
                                    

Unicode

ဘက်ထရီအိုးနှင့်တွဲလျှက်ရှိသည့်ညှပ်လေးကို ဖြုတ်လိုက်ကာ မီးငြိမ်းလိုက်ပြီး နှစ်ယောက်သား အိပ်စက်ခြင်းဆီသို့။
အိပ်ယာပြောင်း၍လား၊အတွေးလွန်နေ၍လား မသိ အညီရိုးရာတစ်ယောက် တော်တော်နှင့်အိပ်မပျော်နိုင်သေး။
ဟိုဘက်ဒီဘက်လှည့်ပြောင်းလူးလှိမ့်မိတော့ ဝါးကြမ်းလေးက ကျွီကျွီကျွပ်ကျွပ်အသံမျိုးစုံထွက်လာသည်။
အိပ်ပျော်နေသည့်သူအား အနှောင့်အယှက်မဖြစ်ရလေအောင် ငြိမ်ငြိမ်သက်သက်နေပေးရင်း လွန်ခဲ့သည့်ရက်များဆီသို့။
တကယ်တမ်း အညီရဲ့ အဖေနှင့်အမေက ဒီပင်းကျိုင်းရွာက‌တွေပဲ။
အညီကို ကိုယ်ဝန်ဆောင်နေစဉ်မှာပဲ မန္တလေးမြို့မှာ စီးပွားရေးလုပ်ရင်း အဆင်ပြေလာမို့  အမေကိုပါ မန္တလေးသို့အပြီးခေါ်သွားသည်။
အဖေတို့ရွာလေးကို သားသားကို လိုက်ပြချင်ပါသည်ဟု တဖွဖွပြော‌ခဲ့ပေမယ့်  လိုက်ပို့ပေးမည်ဖခင်ဖြစ်သူက သူ့အသက်10နှစ်အရွယ်မှာဘဲ အသည်းကင်ဆာနှင့် ဆုံးပါးသွားခဲ့သည်။
အစစအရာရာ စိတ်မပူရအောင် ထားပေးနိုင်ခဲ့သည့် အဖေဖြစ်သူ၏ကျေးဇူးဖြင့် အညီတို့သားအမီနှစ်ယောက် မပူမပင်နှင့် နေထိုင်စားသောက်နိုင်ပါသည်။
ဒါပေမယ့် အဖေလို အမေက အညီကို တွယ်တာတာမျိုးမရှိ။
အလုပ်တွေချည်း ဆက်တိုက်လုပ်ကာ အိမ်အကူတွေနှင့်သာပစ်ထားခဲ့သည့် သားတစ်ယောက်ရှိနေသေးကြောင်းတော့ မေ့သွားသည့်ပုံ။
တစ်အိမ်ထဲနေပြီး ထမင်းလက်စုံမစားဖြစ်ခဲ့သည့် ကာလသည် ခြောက်နှစ်အတိ။
အညီကျောင်းသွားခြင်း၊မသွားခြင်းကအစ နေကောင်းခြင်း၊မကောင်းခြင်းတို့ကိုပါ အရေးမစိုက်နိုင်တော့သည်အထိ မေ့ပစ်ခံရနေရသည်မို့ ပြောရရင် အမေဟာ တစ်ကိုယ်တည်းနေသည့် မိန်းမလှလေးတစ်ယောက်လို့ ပတ်ဝန်းကျင်က ဆိုရသည်အထိ။
မေ့ပစ်ခံရခြင်းက နှစ်အတော်ကြာခဲ့ပြီမို့ ထွေထူးပြီး မခံစားတော့ပေမယ့် ယောက်ျားဆုံးပြီး 6နှစ်ကြာသည်အထိ တစ်ကိုယ်တည်းနေထိုင်ခဲ့သည့် မိခင်ဖြစ်သူက သူဆယ်တန်းဖြေခါနီးဆဲဆဲမှာ အကြောင်းမသိသည့် ယောက်ျားတစ်ယောက်ကို ဖြုန်းစား ကောက်ယူလိုက်သည်။
ပြဿနာအရှုပ်အထွေးများလွန်း၍ တစ်နှစ်ပတ်လုံးကြိုးစားထားသည့်ရလဒ်တို့က အလဟဿအဖြစ်ခံလိုက်ရကာ ဖြေသူမဲ့ခုံလေးက ငိုလို့။
ဦးကြီးမောင်း၊လေးလေးကြည်နှင့် အစ်ကိုထုံးစံတို့ကိုသိထားစေသည်က အမေဟာ ယောကျာ်းတစ်ယောက်အား သူ့ကို မတိုင်ပင်ပါဘဲ ယူလိုက်သည်မို့ စိတ်ဆိုးပြီး ထွက်လာသည်ဟု။
ထိုယောက်ျားက အိမ်ထောင်ရှိလျှက်သား အမျိုးသားတစ်ဦး၊ မိခင်နှင့်ယူပြီး ဒီလတွေအတွင်း အညီအား နောက်ကွယ်တွင် အသားယူချင်နေသည့် လူယုတ်မာ‌တစ်ယောက်ဖြစ်နေသည့် အကြောင်းကိုတော့ သိက္ခာမဲ့စွာ ပြောပြနိုင်ဖို့ အင်အားမရှိ။
ယောက်ျားကိုသာ ဖူးဖူးမှုတ်အလိုလိုက်ကာ မွန်ထူနေသည့် မိခင်နှင့် အမျိုးမျိုးလီဆယ်ကာ ကပ်စားနေသော ထိုယောက်ျားဖြစ်သူအား သည်းခံနိုင်စွမ်းကုန်ဆုံးလာသည်မှာ အညီရိုးရာ၏ အလွန်မဟုတ်။
တစ်နေရာကို ထွက်ပြေးသွားချင်သည်အထိ မွန်းကြပ်လွန်းသည်မို့ အဖေကို သိပ်ချစ်သည့် အညီက ဒီရွာလေးဆီ ထွက်ပြေးလာခဲ့သည်။
ခက်သည်က ရွာမှာ အဖေ့‌မောင်နှမသားချင်း
ဆွေမျိုးရင်းချာများက ပြောင်းရွှေ့သွားသည့်သူများနှင့် ကွယ်လွန်သွားသည့်သူ‌တွေကလည်း ကွယ်လွန်သွားသည်မို့  သူ့မှာတည်းခိုစရာပင်မရှိ။
ထို့ကြောင့် မေမေ၏ညီမ လေးလေးကြည်ဆီသို့သာ သူရောက်လာခဲ့သည်။
လေးလေးဖြစ်သူက သဘောမနောကောင်းပေမယ့် သူ၏ခင်ပွန်းဖြစ်သူဦးကြီးမောင်းကတော့ အလကားကပ်စားမည်ထင်သည့် သူ့ပုံစံကို သဘောတွေ့ပုံမပေါ်။
အလကားမနေပါဘူး၊အလုပ်လုပ်ပါမည်၊မိခင်ဖြစ်သူကိုသာ အကြောင်းမကြားပါနဲ့ဟုဆိုကာ ဦးကြီးမောင်းနောက်လိုက်လာရင်း အစ်ကိုထုံးစံနှင့်အလုပ်တူလုပ်ဖို့ ကံတရားက ပါလာသည်။
အတန်းပညာ မရှိပါဘူးဟုဆိုပေမယ့် စကားပြောရည်မွန်သည်၊လူငယ်သဘာဝကိုနားလည်သည်၊သူပြောသမျှကိုသာ နားထောင်ပေးပြီး ထဲထဲဝင်ဝင်စပ်စုလာတာမျိုးမရှိ။
ပြုံးပြုံးလေးနှင့် အားပေးစကားတွေဆိုတတ်သည့် ကိုထုံးစံဟာ သူ့အတွက်တော့ အစ်ကိုကြီးတစ်ယောက် ရလိုက်ခြင်းပဲ...
အကျေနပ်ဆုံးအချက်ကိုပြောရလျှင် အမြဲတမ်းအဖော်မဲ့နေခဲ့သည့်အညီရဲ့ထမင်းဝိုင်းလေးမှာ ဓလေ့ထုံးစံဆိုသည့်လူတစ်ယောက်တိုးလာခြင်းက ဟင်းအမယ်မျိုးစုံမရှိလို့အရသာမစုံပေမယ့် အသီးအရွက်ဟင်းတစ်ပွဲနှင့်လုံလောက်ပါပြီဟုဆိုနိုင်သည့် ခံစားချက်မျိုးကိုပေးစွမ်းနိုင်စွမ်းရှိသည်မို့။

ရိုးရာထုံးစံ(Completed )Where stories live. Discover now