Ep-11

1.8K 175 13
                                    

Unicode

ဘုန်းကြီးတစ်ပါးကို ဦးတည်လျှောက်ထားတိုင်တည်ပြီး အမျိုးသားနှစ်ယောက် ကန်တော့ပွဲတစ်ပွဲနှင့် ထိမ်းမြားလက်ထပ်ခြင်းပြုကြသည်။
အများသူငှာ ထောက်ခံအားပေးခြင်းမရှိသည့်လက်ထပ်ထိမ်းမြားခြင်းဖြစ်ပေမယ့် ရွာဦးကျောင်းကဆရာတော်ကြီးက ဘုရားသားတော်ပီသပါပေရဲ့။
ဘုရားအဟော ဆိုလိုသည့်သဘောကို နှံ့နှံ့စပ်စပ်သိမြင်သည့်ဘုရားသားတော်မို့ လိင်တူလက်ထပ်ခြင်းပင်ဖြစ်စေကာမူ တစ်မူထူးကာခွဲခြားဆက်ဆံခြင်းမရှိဘဲ လက်ထပ်စုံတွဲတိုင်း၏မင်္ဂလာဦးဆွမ်းကို အလှူဒါနအထမြောက်အောင် သုံးဆောင်ပေးလေသည်။
စောင့်ထိန်းအပ်သည့်သီလတရားနှင့်ဆုံးမစကားအနည်းငယ်ပြောပြီးသည်နှင့်တရားဘာဝနာစီးဖြန်းအားထုတ်တော့မည်မို့ နှစ်ယောက်သား ဦးချကာ ကျောင်းကြီးမှဆင်းလာခဲ့သည်။

ရွာဦးကျောင်းမှ အပြန်လမ်းတစ်လျှောက် လက်တွဲမဖြုတ်ခဲ့ကြသည့် သူတို့နှစ်ဦးကို ရွာသားတစ်ချို့က ရွံ့ရှာသလိုကြည်သည်။
တစ်လအတောအတွင်း မထင်ထားခဲ့သည့်အကြောင်းအရာမျိုးစုံဖြစ်ပွားခဲ့သည်မဟုတ်လား။
လက်ထပ်ကြရအောင်ဟုဆိုသည့်ထုံးစံ၏စကားများအဆုံး အညီတစ်ယောက် မတွေဝေပါဘဲ ခေါင်းငြိမ့်ကာ ချက်ချင်းလက်ခံခဲ့သည်။
အိမ်ခြံစည်းရိုးအဝကနေ တံခါးပေါက်အထိခင်ထားသည့် သစ်သားလမ်းလေးကိုစ၍ခြေချသည်နှင့် နှစ်ယောက်တစ်ဘဝကို တည်ဆောက်ရန် အားအင်အပြည့်ဖြစ်ရသည်။
အညီးရိုးရာနှင့်ဓ‌လေ့ထုံးစံတို့၏ အိမ်ကလေးက ပျဉ်ထောင်အိမ်ကလေးသာ။
ရက်နှစ်ဆယ်နှင့်အပြီးသပ်ထားရပေမယ့် သပ်သပ်ရပ်ရပ်လေးနှင့်နေချင်စရာကောင်းလှသည်။
ပြတင်းတံခါးကိုဖွင့်ကာ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း သဘာဝတရားကို ခံစားကြည့်တော့ အနောက်ဖက်မှထွေးပွေ့လာသည့် လက်တစ်စုံ။

"ထုံးထုံး.."

"ဗျာ...
ပြောလေ.."

"အိမ်လေးက နွေးထွေးတယ်နော်..."

"အင်း...
အညီနှင့်အတူရှိနေရလို့လေ..."

"ကျွန်တော်လည်း
ထုံးထုံးနှင့်အတူရှိနေရလို့
နွေးထွေးတဲ့ခံစားချက်ကို
ခံစားရတာပါနော်....
မြန်မြန်လက်ထပ်ဖြစ်တော့လည်း
ကောင်းတာပဲနော်..
တကယ်တော့ ရွာသားတွေကို
ကျေးဇူးတင်ရမယ်..
ကျွန်တော့်ရဲ့ထုံးထုံးကို ချက်ချင်းအပိုင်ဖြစ်အောင်လုပ်ပေးလို့လေ..."

ရိုးရာထုံးစံ(Completed )Where stories live. Discover now