Ep-9

2K 191 5
                                    

Unicode

ပွင့်လင်းပြီးကာမှ ရှက်မိကြသလို ဖွင့်ပြောပြီးကာမှ တသီးတသန့်လို နေဖြစ်သွားကြသည်။
အမိုးတစ်ခုထဲအောက် အတူနေဖြစ်ကြသည့် အညီနှင့်ထုံးစံဟာ ထမင်းလက်ဆုံစားနေပေမယ့် တစ်ဦးနှင့်တစ်ဦး အကြည့်မဆုံရဲ။
တစ်ခွန်းတစ်လေမျှသာ ပြောဖြစ်သော စကားတို့သည်လည်း အဆီအငေါ်မတည့်ကာ အလွှဲလွှဲအချော်ချော်။
နေ့စဉ်နေ့တိုင်း ချစ်ခွင့်ပန်နိုင်ပါမှ တရားဝင်ချစ်ခွင့်ပေးပါမည်ဆိုသည့် အညီရိုးရာက မေ့ချင်ယောင်ဆောင်နေမိသလို တောင်းဆိုရပါမည့် ဓလေ့ထုံးစံကလည်း မဝံ့မရဲ။
တစ်ဦးကိုတစ်ဦး အလစ်လေးမှာတိတ်တဆိတ်ခိုးကြည့်မိကြရာမှ အကြည့်ဆုံမိပါလျှင် မလုံမလဲနှင့် မျက်နှာလွှဲသွားတတ်ကြသည်။
ရှောင်ကာဖယ်ကာ အိပ်ချိန်လေးမှာတောင် ကျောပေးအိပ်မိကြသည့် ချစ်သူနှစ်ဦး၏အဖြစ်က ခပ်ဝေးဝေးတစ်နေရာစီကွာအောင် ရွှေ့နေမိသည်က ချစ်ရသူ၏အသွေးအသားတစ်စုံတစ်ရာကို နည်းနည်းလေးမျှပင် ထိမိသွားမည်စိုးကြသည်ကို စိတ်နှလုံးထဲ မချင့်မရဲ။
ချစ်ခြင်းတစ်ခုတည်းမက အဆင့်တိုးလာသည့်ထုံးစံ၏မြတ်နိုးခြင်းတွင် တန်ဖိုးထားခြင်းနှင့်ဂရုစိုက်ခြင်းတွေပါ ပါသည်။
ချစ်ရသူအပေါ်တန်ဖိုးထားခြင်းကို တစ်ခြားသူများက မည်သို့ယူဆသည်မသိပေမယ့် ထုံးစံ၏ချစ်သူအပေါ်တန်ဖိုးထားရခြင်းက ချစ်ရသူ၏အမိအဖဆီမှ တရားဝင်တောင်းခံကာ လက်ထပ်ထိမ်းမြှားကာ စောင့်ရှောက်ခွင့်ရသည့်အချိန်ထိ အထိအတွေ့ကိုစည်းတားကာ စောင့်ထိန်းရခြင်းလည်း ပါဝင်သေးသည်။

တစ်နေရာထဲ အတူရှိနေကြသည့် လူနှစ်ဦးမို့

ှစ်ကိုယ်တွဲကာ ချစ်စကားတွေကို တီတီတာတာပြော‌ချင်သေးသည်။
ဖြူဖြူနုနုပါးပြင်လေးထက် အနမ်း‌‌တွေချွေချင်သေးသည်။
ထွေးထွေးအိအိနှုတ်ခမ်းလေးတစ်စုံကိုလည်းထပ်ခူးဆွတ်ချင်သေးသည်။
သို့သော်တစ်ဆင့်ချင်းတက်ကာ တိုးလာမည့် ချစ်စိတ်တို့ကြောင့် တစ်ခုလေးပင် မကျူးကျော်ရဲ။
ဟိုရှောင် ဒီလွှဲ ခပ်ခွာခွာနေမိကြသည့် လူနှစ်ယောက် နေ့စဉ်တိုင်းအတွက်ဆုံချိန်သည် စားပွဲဝိုင်းတစ်ခုတွင် အတူစားသောက်ချိန်လေးသာရှိသည်။
ကောင်ကလေးဟာ တစ်ယောက်တည်းစားသောက်ရခြင်းကို မနှစ်ခြိုက်‌ကြောင်းပြောခဲ့ဖူးသည်ကို အမှတ်ထားကာ ဂရုစိုက်လိုသောကြောင့် နှစ်ယောက်ကြား ရှက်ကိုးရှက်ကန်းဖြစ်ကာ မည်မျှပင် အနေခက်နေပါစေ လက်ဆုံစားဖို့တော့မလျော့မိ။

ရိုးရာထုံးစံ(Completed )Where stories live. Discover now