Ep-14

1.6K 159 0
                                    

Unicode

ခူးခပ်ပြင်ဆင်ထားသည့် ည‌စာထမင်းဝိုင်းက စားသုံးသူမဲ့လျှက်။
စားပွဲဝိိုင်းကို ‌အလယ်မှာထားကာအညီတစ်ယောက် အကြည့်တွေနှင့်တိုက်စစ်ဆင်နေမိသည်။
ဝုန်းဝုန်းဒိုင်းဒိုင်း ပေါက်ကွဲတတ်သည့် အညီက တော်တော်ကြာသည်အထိ ဒီလိုနှုတ်ဆိတ်ဆွံ့အနေခြင်းကို စိတ်မရှည်။


"ဘာအတွက် သားဆီလာတာလဲ.."

"အိမ်ဂရမ်နဲ့လုပ်ငန်းစပ်တူစာချုပ်တွေကို သားယူလာခဲ့သေးလား..."

"ဟုတ်တယ်...
သားဆီမှာ...ဘာလဲ..
အဖေခေါင်းချတဲ့အိမ်ကိုတောင် ပါးစပ်ဟလာပြီဆိုတော့...ယောက်ျားက အမေ့ပစ္စည်းတွေ ကုန်အောင် သုံးဖြုန်းပစ်လိုက်ပြီလား....
ကျန်တာအကုန် သုံးပစ်လိုက်လို့ရပေမယ့် ဖေဖေချစ်တဲ့ အိမ်ကိုတော့ မထိပေးပါနဲ့ဗျာ..."

"မဟုတ်ပါဘူးသားရယ်...
မေမေက ဒီလို လုပ်ရက်ပါ့မလားကွယ်...
အရင်တစ်ချိန်တွေက သားနဲ့ သားဖေဖေကို ချစ်ခင်မပြခဲ့ဘူးဆိုပေမယ့် လုံးဝမချစ်ခဲ့တာတော့မဟုတ်ပါဘူးသားရယ်...
အမှန်တရားကိုလဲ သိသွားပြီမို့ မေမေက သားကို တောင်းလဲ တောင်းပန်ချင်သလို ဂရုစိုက်လဲစိုက်ပေးချင်လို့ ဒီအထိ လိုက်လာခဲ့တာပါ.."

"လိမ်တာ....မယုံဘူး...
သားကို ဂရုစိုက်ပေးချင်လို့ဆို တောင်းပန်ချင်လို့ဆို ရောက်တာနဲ့ အိမ်ဂရမ်ကိစ္စတွေကို
ပြောပါ့မလား...သားနေကောင်းရဲ့လား...
ရွာမှာနေရတာအဆင်မှပြေရဲ့လားမေးရမှာပေါ့..."

"မ..မဟုတ်ပါဘူး...သားရယ်...
မေမေတကယ်ပြောတာပါ...
အိမ်ကိစ္စမေးရတာက မေမေဒီမလာခင်က အိမ်ကို မေမေ့ယောက်ျားကတစ်ခြားသူတွေနဲ့ပေါင်း
ဖောက်တာ ခံရလို့ပါ..သားရယ်...
မေမေ အဲ့တာသိလို့ သူနဲ့ကွာလည်းကွာရှင်းလိုက်ပါပြီ....
မေမေ အစအဆုံးပြောပြမယ်လေ...
သား‌နားထောင်ပေးပါလားနော်..သားနော်.."

"နားမထောင်ချင်ဘူး...
အစကတည်းနဲ့ ‌အဲ့လူနဲ့ မပတ်သက်ခဲ့ရမှာ....
ဖေဖေ့နေရာမှာ တစ်ခြားသူကို အစားထိုးဖို့ကို မလုပ်ခဲ့ရမှာ...
အခုမှ ...အခုမှ...ဘာလို့..ဒီလို..."

ရိုးရာထုံးစံ(Completed )Where stories live. Discover now