Ep-15

1.7K 157 4
                                    

Unicode

"သားသား...
ဒါအင်္ကျီလေးက မေမေ ဝယ်ထားတာ သိလား....
စာမေးပွဲသွားဖြေရင် ဒါလေး ဝတ်သွားနော်..."

"ဟောဗျာ....
အမေကလဲ ကျွန်တော့်ယေက်ျားက ကျွန်တော် ဝယ်ထားပေးတာ ဝတ်သွားမှာဗျ..."

"တိတ်စမ်း...
ငါ့သားက ငါဝယ်ပေးတာပဲ ဝတ်မှာ...
ဟုတ်တယ်နော်...ရိုးရာလေး..နော်.."

"အစ်ကို ဝယ်ပေးတာဝတ်မှာနော့် အညီ..."

စာဖတ်နေသည့် အညီဘေးနား ကပ်နေရင်း စကားများနေကြတဲ့ယောက္ခမနဲ့ သမက်။
အညီနှင့်မေမေ မပြေလည်ခဲ့စဉ်က အသည်းအသန်ကြားဝင်ပေးခဲ့ဖူးသည့် ထုံးစံက အခုတော့ တရင်းတနှီးနှင့်ချစ်ခင်ကြင်နာခွင့်ရလာသည့်မေမေကို စိတ်ခုလာသည့်နှယ်။
တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တိုက်ခိုက်ယှဉ်ပြိုင်နေကြသည်။
စစချင်းမှာသာ သူသာကိုယ်သာ အပြိုင်ဖြစ်နေကြပေမယ့် နောက်ကျတော့လည်း အညီသဘောကျရာကိုသာ ရွေးချယ် လုပ်ပေးကြတာချည်းပဲ။
အခုလည်း ပိစိပစပ်နဲ့ စကားများနေကြဦးမည့်အရိပ်အယောင်မို့ ဒီအတိုင်းသာဆို စာဖတ်လို့ရမည့်ပုံမပေါ်။
ဖတ်လက်စ စာအုပ်ကို အသာချကာ နှစ်ယောက်လုံးကို မကြည်သလို စိုက်ကြည့်ရင်း

"စကားမများကြနဲ့တော့..
ထုံးထုံးဟာရော မေမေ့ဟာရော
တစ်လှည့်စီ ဝတ်ပါ့မယ်ဗျာ....
သားကို စာဖတ်ခွင့်လေးပေးကြပါအုံး...
သွားတော့...သွား...
နှစ်ယောက်လုံး လုပ်စရာရှိတာ
သွားလုပ်ကြတော့.."

"ဟင်....
Sorryသားသားရယ်...
မေမေတို့စကားများနေတာနဲ့
ငါသားစာဖတ်ရတာ အနှောင့်အယှက်ဖြစ်ကုန်ပြီ..
မေမေတို့မပြောတော့ဘူး....
သွား..ထုံးစံ....
မင်းစိုက်ခင်းမှာပဲ ပေါင်းသွားနုတ်တော့ သွား..."

သူ့ကိုတော့ နှင်ထုတ်ပြီး သူ့ကောင်လေးနားဆက်ကပ်ဦးမယ့် ယောက္ခမကြီးကိုတော့ နည်းနည်းလေးမှ အမြင်မကြည်။
ခါတိုင်း ထုံးစံလုပ်ပေးနေကျအညီရဲ့သေးသေးမွှားမွှားကိစ္စလေးတွေကအစ လုယူသွားသည့်အပြင် နှစ်ယောက်တည်း အတူရှိချိန်တွေကိုလည်း လုယူထားသေးသည်။
မကျေနပ်ကြောင်းကို ဆန္ဒပြသည့်အနေဋဲ့ ရှူးတိုးတိုးနဲ့နှာမှုတ်ကာ စူပုတ်ပြီး မလှုပ်မယှက်ဆက်ထိုင်နေတော့

ရိုးရာထုံးစံ(Completed )Where stories live. Discover now