Ep-12

1.8K 175 5
                                    

Unicode

"အညီ...
စာဖတ်နေသေးလား..."

"အင်း ထုံးထုံး
ကျွန်တော် အသံတိတ်ဖတ်နေတာ...."

အလုပ်တစ်ခုလုပ်ပြီး အိမ်ထောင်ဦးစီးလေး လုပ်ကြည့်ချင်ပါသေးသည်လို့ ဆိုနေတတ်သည့် ကောင်ကလေးက လက်ထပ်ပြီးသည့် နောက်တစ်ရက်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဒီနှစ်ထဲမှာပဲ ဝင်ဖြေတော့မည်ဟု ဆိုလာသည်။
ရပ်ထဲရွာထဲမှခင်မင်သည့်ဆယ်တန်းကျောင်းသားတစ်ချို့ထံ ဖတ်စာအုပ်အဟောင်းတွေပါတောင်းလာပြီး တစ်ခုတည်းသောထမင်းစားပွဲ‌ပေါ်ချကာ အသေအချာကိုစာလုပ်ဖို့ပြင်‌နေသည်မို့ ထုံးစံမှာလည်း အေးအေးမနေသာတော့။
စားပွဲတစ်လုံး၊ထိုင်ခုံတစ်လုံး ဖတ်စရာမှတ်စရာစာအုပ်အစုံနှင့်ရေးမှတ်စရာ ဘောပင်ခဲတံအစုံကို သေသေချာချာ စီစဉ်ထားပေးခဲ့ရသည်။
ကောင်ကလေး စာဖတ်နေကျနေရာလေးကို
အလင်းရောင်နှင့်လေဝင်လေထွက် ကောင်းကောင်းရအောင်ဆိုပြီး ထုံးစံကိုယ်တိုင်ပြတင်းပေါက် တည့်တည့်မှာ နေရာချထားပေးခဲ့သည်။

ခုမှာမူ စားပွဲပေါ်မှောက်ကာ အိပ်ပျော်နေပါ

လျှက် အသံတိတ်စာဖတ်နေပါကြောင်း အိပ်ချင်မူးတူးနှင့် လိမ်ပြောနေသည့်ကောင်ကလေးကို ပွင့်နေသည့်ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။

စ်နေ့ခင်းလုံး ထိုင်ရာကမထ စာကြည့်နေသည်မို့ ပင်ပန်းသွားပြီထင်ပါရဲ့။

ခပ်အုပ်အုပ်ဆံပင်တို့က ရှုပ်ရှုပ်ပွပွလေးဖြစ်မေသလို နှုတ်ခမ်းတစ်စုံကို ဖွင့်ဟလို့နေသည်။

*ဒီကလေးကတော့လေ...
ညနေဘက်ကြီး အိပ်ပျော်နေပြန်ပြီ..*

စိုက်လက်စ နှင်းဆီပင်ကို လက်စသတ်အောင် စိုက်ပြီးသည်နှင့် ခြေလက်ဆေးကြောပြီး အိပ်ပျော်နေသောကောင်ကလေးအနားဆီသို့။

"အညီ..
ထ..ထ...
ညနေခင်းကြီး အိပ်နေတာ
ခေါင်းမူးနေဦးမယ်...
ခဏနေ လန်းဆန်းသွားအောင်
ရေမိုးချိုးလိုက်အုံး..
အစ်ကို ရေခပ်ထားပေးမယ်..."

ရိုးရာထုံးစံ(Completed )Where stories live. Discover now