Ep-8

2K 214 11
                                    

Unicode


ကောင်းကင်ယံသည် မ‌နေ့ကညချမ်းမှာ တိမ်တွေရှင်းကာ ကြည်လင်နေသလောက် မနက်ပိုင်းမှာတွေ မခေါ်ရသည့်မိုးရေစက်တို့က အတိုင်းအဆမရှိ ကျဆင်းနေသည်။
နေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် မြေနိမ့်နေရာများတွင် အိုင်ဖွဲ့ကျန်နေတတ်သော ရေအိုင်ငယ်လေးတွေအတွင်း အုံးအွမ်၊အုံးအွမ် ဖားအော်သံတို့သည် ကြိုတင်တိုက်ထားသည်ထင်ရလောက်အောင် အော်သံတို့က တူတူညီညီ။
ခြေတံရှည်တဲလေးထဲမှ ထုံးစံကတော့ မိုးထဲလေထဲ မမှုနိုင်ဘဲ ရေဆွဲ၊ထင်းပွေ့ကာ ကောင်လေးဖို့ စားစရာ တစ်ခုခုစီစဉ်ပေးရန် အလုပ်များနေသည်။
မိုးရေအနည်းငယ် ထိလာသဖြင့် စိုထိုင်းထိုင်းဖြစ်နေသော ထင်းတို့က တော်တော်နှင့်မီးမတောက်။

"အဟွတ်...အဟွတ်..."

လှိုင်ထလာသော မီးခိုးတို့က ဆေးအရှိန်နှင့် အိပ်မောကျနေသည့် ကောင်လေးကို မွန်ထူသွားအောင် လုပ်မိပြီး အိပ်ရေးပျက်သွားစေသည်။
မျက်နှာလေးမဲ့ကာ မျက်ရည်တွေပါ ဝေ့လာပြီမို့ ဝါးခြမ်းစ‌များကို များများထည့်လိုက်ပြီး
ခပ်မြန်မြန်လေမှုတ်ကာ မီးတောက်စေသည်။
ပြာပြာသလဲလုပ်မိသည်မို့ ထုံးစံပါ မီးခိုးမွန်ပြီး မျက်ရည်တွေကျလာသည်မို့ လက်တို့ဖြင့် ဆွဲပွတ်ပြီး ရေနွေးအိုးလေး အရင်ထည်ထားကာ ကောင်လေးဆီ အဖျားရှိမရှိ တိုင်းရန် မီးဖိုဘေးမှထလာခဲ့သည်။

"ဟ..ဟ...
ထုံးထုံးမျက်နှာကြီးက ရီချင်စရာကြီး...
ဟား...ဟား..ဟား.."

"ဘာ..ဘာလဲ..."

တဟားဟားနှင့်အော်ရီနေသည့် အညီကြောင့် တိုင်တွင် ချိတ်ထားသည့်မှန်ပေါက်စလေးနားသွားကာ ကြည့်မိတော့ သူ့ရုပ်က ငတက်ပြားရုပ်ပင်ဖြစ်နေပြီ။
အိုးမဲလူးနေမှန်း သတိမထားမိသည်မို့ မျက်ရည်တွေကို မဲပေနေသည့်လက်တွေနှင့်ပွတ်ဆွဲမိသည်ကြောင့်ဖြစ်မည်။
ရယ်မောနေသည်က ရပ်သွားသည့်တိုင်အောင် တစ်ချက်တစ်ချက် အသံထွက်ကာ ပြုံးရယ်နေသေးသည်မို့ လက်ကိုသာ စင်စင်ဆေးပြီး မျက်နှာထပ်မသစ်ဖြစ်။
အညီသာ သူ့ကြောင့်ပျော်ရွှင်နေရပါက ထိုပျော်ရွှင်မှုလေးကို သူဖျက်စီးပစ်မည်မဟုတ်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now