အပိုင်း(၁)

23.8K 893 207
                                    

Unicode

ပေကျင်းမြို့၏ အကြီးမားဆုံးနဲ့ အကောင်းဆုံး ဟိုတယ်ဖြစ်သည့် ရှန်းဂျီ ဟိုတယ်ရှေ့တွင် မီဒီယာပေါင်းစုံမှ သတင်းထောက်များ စုဝေးရောက်ရှိနေကြသည်။

"သမ္မတကြီး ပြန်တော့မလို့လားဗျ"

ပွဲမပြီးခင်ပြန်ဖို့လုပ်နေသောသူ့ကို ကျန်းမာရေးဝန်ကြီးချုပ်ဖြစ်သည့် ဝမ်ကျိုးထင်က ပြုံး၍လှမ်းနှုတ်ဆက်လာတာကြောင့် ရှောင်းကျန့် ရိုသေစွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။
ဝန်ကြီးချုပ်ဝမ်ဟာ သိပ်ကိုဟန်ဆောင်ကောင်းလွန်း၏။

"ကားအဆင်သင့်ဖြစ်နေပါပြီသမ္မတကြီး"

သက်တော်စောင့်တွေ ခြံရံကာ သူအပြင်ကို ထွက်လာတော့ ဓာတ်ပုံရိုက်ဖို့ဟိုတယ်ရှေ့တွင် စောင့်နေကြသည့်သတင်းထောက်ပေါင်းများစွာနဲ့ ဆုံသည်။
လှေကားပေါ်ခင်းထားသည့် အနီရောင်ကော်ဇောကြီးပေါ်ကနေ ရှောင်းကျန့် တဖြည်းဖြည်းချင်း လျှောက်လှမ်းလာလိုက်ပြီး လှေကားအဆုံးမှာ ရပ်နေသောကားနားတွင် သူ့ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်သည်။
ကားတံခါးရှေ့မှာ ရပ်နေသော သူ့သက်တော်စောင့်တစ်ယောက်ကလည်း အလိုက်သိစွာပင်...။ ကားတံခါးကို သူ့တစ်ယောက်စာဝင်ဖို့သာ ဖွင့်ပေးလာသည်။

"စောင့်နေတာကြာနေပြီလား ကလေးလေး"

"အွန်း"

ပီကေတစ်ခုကို အဆက်မပြတ်ဝါးနေသည့် သူ့မြတ်နိုးရာလေးဟာ ဖုန်းထဲကဂိမ်းကိုသာ သဲကြီးမဲကြီးဆော့နေလျက်....။

"သည်းငယ်ထမင်းစားပြီးပြီလား"

"ဟင့်အင်း"

"ထမင်းဘူးရော ယွီပင်း"

"ဒီမှာ"

ရှောင်းကျန့်ပြောတော့ ယွီပင်းကကားရှေ့ခန်းမှနေ ထမင်းဘူးကို လှမ်းပေးသည်။

"ထမင်းစားရအောင် ပီကေထွေးထုတ်လိုက်"

သူပြောရင်း ကလေးလေးရဲ့ ပါးစပ်နားသူ့လက်လေးခံပေးလိုက်သည်။

"ပွဲမပြီးသေးဘူးရှောင်း"

"ပါးစပ်လေးဟပေးရုံပဲ"

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now