အပိုင်း(၄)

6.3K 482 233
                                    

Unicode

     သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ငိုရှိုက်နေသည့် ကလေးပေါက်စကြောင့် ရှောင်းကျန့်မျက်ရည်ဝဲလာရသည်။ သူ သိပ်သိပ်ချစ်ရတဲ့ ကောင်လေးကိုသူလည်း ဘယ်ခွဲချင်ပါ့မလဲ...။

"ကိုယ့်ကိုဖုန်းဆက်နော် သည်းငယ်"

"ရှောင်းရော အားတာနဲ့ဆက်နော် ကျွန်တော်ဂိမ်းဆော့နေရင်တောင် ကိုင်မယ် "

      သူခေါင်းငြိမ့်ပြလိုက်တော့မှ ကလေးငယ်ဟာပိုလို့ပင်တိုး၍ ငိုချလာသည်။ သူ့ရဲ့အဖိုးတန်လေးက အသည်းအသန်ငိုနေတော့ ရှောင်းကျန့်မှာ မလွှတ်လိုက်ချင်....။

"အကိုရှောင်း နေ့လည်စာအဆင်သင့်ဖြစ်နေပါပြီ ဝန်ကြီးချုပ်ဝမ် နဲ့ ဒေါက်တာလည်း စောင့်နေပါတယ်"

"ဟုတ်ပြီ ငါလာခဲ့မယ်"

          ယွီပင်းလာပြောတာနဲ့ ရင်ခွင်ထဲက သူ့အသည်းငယ်ကို မျက်ရည်တွေသုတ်ပေးလိုက်ပြီး နဖူးလေးကို နမ်းရှိုက်လိုက်၏။

"ကျွန်တော်မခွဲချင်ဘူး အင့်"

"မငိုနဲ့လေ မငိုနဲ့တော့ ဘေဘီ့မျက်ရည်တစ်စက်က ကိုယ့်နှလုံးသွေးတစ်စက်နဲ့ ညီမျှတာကို မသိတာလား"

"မငိုတော့ပါဘူး ကျွန်တော့်ကြောင့် ရှောင်းနှလုံးသွေး မြေမခစေရဘူးနော်"

      ပြောရင်းနဲ့ သူ့နှလုံးသားငယ်ရှိရာကို နမ်းလာသည့်ကလေးငယ်ဟာ အသည်းယားဖွယ်။

"ထမင်းသွားစားရအောင် ယောက္ခမကြီးတို့စောင့်နေလောက်ပြီ"

"ဟုတ် ရှောင်း.. နမ်းပါဦး"

      သူ့ဘက်လှည့်ကာ စူထိုးပေးလာသော နှုတ်ခမ်းလေးကို သူမြတ်မြတ်နိုးနိုးနမ်းရသေးသည်။

"စားနှင့်ပြီလား ဝန်ကြီးချုပ်ဝမ်"

"ငါကမင်းကို ဘာလို့စောင့်ရမှာလဲ"

      ဝန်ကြီးချုပ်ဝမ်က မိသားစုရှေ့မှာတော့ သူ့ကို ဆက်ဆံပုံက အခုလိုမျိုး...။ လူရှေ့မှာတော့ လူကြီးလူကောင်းဆန်စွာ သူ့ရဲ့သမ္မတဂုဏ်ပုဒ်ကို ထိန်းပေးပါသည်။

"ကလေးထိုင်"

       ဒေါက်တာဟိုက်ခွမ်းနဲ့ မျက်နှာချင်းဆိုင်က ခုံလေးကို သူဆွဲပေးလိုက်ပြီး ကလေးငယ်အန္တရာယ်ကင်းပြီဆိုမှ သူက ဘေးတွင် ဝင်ထိုင်လိုက်သည်။ ကလေးငယ်က ခုံကိုဆွဲရင်း လက်မချော်သွားဘူးဟုပြော၍မရနိုင်... ဒါကြောင့် သူကိုယ်တိုင် သေချာလေး လုပ်ပေးနေခြင်း...။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now