အပိုင်း (၇)

4.7K 367 108
                                    

Unicode

ပြင်သစ်နိုင်ငံရဲ့ သမ္မတက ရှောင်းအတွက် ပြင်ဆင်ပေးထားသည့် နေရာဟာ တကယ်လှသည်။ သူတို့နားရမည့် အပန်းဖြေစံအိမ်ရှေ့တွင်တော့ ပြင်သစ်သမ္မတရဲ့ သက်တော်စောင့်တချို့ရှိသလို တရုတ်ကပါလာသည့် သက်တော်စောင့်တွေလည်း အလှည့်ကျ စောင့်နေကြ၏။

"ရှောင်း ... ရှောင်းလို့"

ရှောင်းက နားချင်သည်ဟု ဆိုနေသော်လည်း သူကရှောင်းရဲ့ခါးကို ဖက်ပြီး ခြေတရွတ်ဆွဲလိုက်ကာ ကမ်းခြေမှာဆော့ဖို့ ပူဆာနေမိသည်။
သူတို့ဒီမှာနေဖို့ ဒီနေ့ နဲ့ မနက်ဖြန်တစ်ရက်ပဲ အချိန်ရတာကြောင့် ရောက်တဲ့ အချိန်မှာတော့ အိမ်ထဲပဲနေလို့မဖြစ်...။ ရှောင်းဆိုရင်လည်း မနက်ဖြန်ညနေ ပွဲတစ်ခုတက်ရဦးမည်။

"သည်းငယ်လေးရယ် ကိုယ်တို့ အခန်းတွေလည်းသေချာစီစဉ်ရဦးမယ်လေ ... ခဏလေးနေပါဦး"

"ကျွန်တော်ကရှောင်းနဲ့ပဲနေမှာနော်..."

"နှစ်ညတော့ခွဲအိပ်ရမယ် ... အခန်းကသုံးခန်းပဲရှိတာ ကလေးလေးသူငယ်ချင်းတွေရောပါတယ်လေနော်"

ရှောင်းက ပြောကာ ဧည့်ခန်းက Sofaပေါ်ထိုင်လိုက်၍ သူပါ ရှောင်းပေါင်ပေါ်ထိုင်ချလိုက်သည်။ ရှောင်းလက်တစ်ဖက်ကတော့ သူ့ခါးတွေကို ဖက်တွယ်လျက်သား...။

"သည်းငယ်က ဒေါက်တာဟိုက်ခွမ်းနဲ့အိပ်လိုက်နော် ကိုယ်က ကျိုးချန်ရယ် ယွီပင်းရယ် နဲ့ တစ်ခန်းနေလိုက်မယ် ... ကလေးလေးသူငယ်ချင်းနှစ်ယောက်က တစ်ခန်းနေပေါ့ "

"ရှောင်းကလည်းဗျာ ... "

"ဘေဘီလေးကမဆိုးနဲ့ "

သူ့ပါးကို တစ်ချက် လှမ်းနမ်းပြီး ပြောလာတာကြောင့် လူလက်မခံချင်ခံချင်ဖြင့် ရှောင်းဆုံးဖြတ်တာကို လက်ခံလိုက်ရသည်။

"ခဏနားလိုက်ဦး ပင်ပန်းနေမှာ"

"သွားဆော့မယ်လို့ ... "

"ကိုယ်အနားယူချင်နေလို့ ပင်ပန်းနေပြီလေ ကလေးလေးရယ် ညမှဆော့မယ် ... ညကျရင် ပြင်သစ်သမ္မတက ကိုယ်တို့ကို BBQ Party လုပ်ဖို့ စီစဉ်ပေးထားတယ်ဗျာ"

"မရဘူး မရဘူး အခုလို့ ... ခုနကမြင်ခဲ့တဲ့ဟာတွေ စီးချင်နေပြီလို့"

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now