အပိုင်း ၅

5.9K 429 147
                                    

Unicode

     ဒီနေ့ ရှောင်းက အိမ်ယာစီမံကိန်းတစ်ခုကို ကိုယ်တိုင်သွားစစ်ဆေးနေရတာကြောင့် ရိပေါ်လည်း အိမ်မှာမနေဖြစ်ဘဲ အတန်းထဲမှာ ယောင်လည်လည် ...။

"ဝမ်ရိပေါ်ကို ပါမောက္ခချုပ်က ခေါ်ခိုင်းလိုက်ပါတယ်"

"ကျောင်းသားဝမ်ရိပေါ်လိုက်သွားလိုက်ပါ"

     အခန်းရှေ့ လာရပ်ရင်း အရိုအသေပြုကာ ပြောသည့် ကျောင်းသားတစ်ယောက်ကြောင့် ပုံသေနည်းတွေ တွက်ထုတ်ပြနေတဲ့ ဆရာက သူ့ကိုလှမ်းပြောလာသည်။ ဟိုနေ့ကရည်းစားစကားပြောတဲ့ ကိစ္စကို မကျေနပ်၍ သူ့ကိုခေါ်တာဖြစ်နိုင်၏။

"ဦးလေး ခေါ်တယ်ဆို"

"လေးစားမှုရှိစမ်း ဘာဦးလေးလဲ"

     ပါမောက္ခက မျက်နှာတည်ကြီးဖြင့် သူ့ကိုဟောက်နေသော်လည်း သူကတော့ရှေ့ကခုံတွင် ခြေထောက်ချိတ်လျက်ပင် ဝင်ထိုင်လိုက်သည်။

"မင်းအစမ်းစာမေးပွဲတွေတစ်ခုမှမအောင်ဘူး ဒီပုံစံနဲ့ ဒုတိယနှစ်ကို ဘယ်လို Pass မလဲ ပြောစမ်း! "

"ရှောင်းတောင် မအော်တာကိုနော် ဦးလေးက အော်နေတာလား"

"ငါရှောင်းကျန့်ကိုပြောလိုက်ရမလား ဒီနိုင်ငံကသမ္မတကြီးရဲ့ ရည်းစားက ဒုတိယနှစ်တောင် မအောင်ဘူးဆိုတာ လူတွေသိရင် ရှောင်းကျန့်သိက္ခာကျမှာ မင်းမသိဘူးလား... ရှောင်းကျန့်တင်မဟုတ်ဘူး မင်းတို့တစ်အိမ်လုံးပညာတတ်တွေချည်းပဲနော် မင်းအဖေကလည်း ဆရာဝန် ...."

"ဦးလေးက ပါမောက္ခချုပ်မလား... ဦးလေးအအောင်ပေးလိုက်ရင် ဘယ်သူ့မှ သိက္ခာကျစရာမလိုတော့ဘူး ... ဥာဏ်လေးလွှာသုံး ... နော်"

          သူပြောတော့ ပါမောက္ခချုပ်က စားပွဲခုံကို လက်ဖြင့်ထုသည်။ သူဘယ်လောက်လန့်သွားလဲ ဆိုတာ ရှောင်းကို မြင်စေချင်ပါရဲ့....။

"ငါရှောင်းကျန့်ကို ဖုန်းဆက်မယ် ... မင်းကတကယ့်ကို အရိုင်းအစိုင်းပဲ ... "

"ဟီး ... မဆက်နဲ့ ... ဦးလေးကလည်း ဒါအစမ်းစာမေးပွဲလေးကို ... "

     ရှောင်းကိုတော့ သူစာမေးပွဲကျတာ တကယ်မသိစေချင်...။ ရှောင်းအတွက်တော့ သူက လိမ္မာတဲ့ ကလေးလေးပဲလေ...။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Donde viven las historias. Descúbrelo ahora