အပိုင်း (၉)

4.3K 353 83
                                    

Unicode

      ရိပေါ် အသည်းအသန် နေမကောင်းဖြစ်သည်ဆိုတာ ရှားပေမယ့် အခုရက်ပိုင်းမှာ တော်တော်လေးဖျားနေ၍ မင်္ဂလာပွဲ ကိစ္စတွေတောင် ဖေဖေနဲ့ ရှောင်းကပဲ စီစဉ်နေရသည်။

"အဖျားတော့ရှိနေသေးတယ် ... ဘာတွေများဖြစ်လို့ဒီလောက်ဖျားသွားရတာလဲ"

"ဒီအတိုင်းဖျားတာပဲ ဟိုနေ့ကအားမရှိတာလည်း ပါတာပေါ့"

      သူ့ကို အဖျားတိုင်းရင်းမေးလာသည့် ကိုငယ့်ကို လိမ်နေရသည်မှာ သူ့စိတ်သူမလုံ ...။ တကယ်က ခွဲရတော့မည်ဆိုပြီး ရှောင်းကို စိတ်ကြိုက်ပျော်ခွင့်ပေးလိုက်တာ သူ့အမှား ...။ ရှောင်းက ဒီအတိုင်းဆို သူ့အားသေးသေးလေးတောင် အထိမခံနိုင်ပေမယ့် ကုတင်ပေါ်ရောက်သွားရင်တော့ ရှောင်း ကိုယ်တိုင် အကြီးကြီးနဲ့ထိအောင်လုပ်သည်။
နှစ်ရက်လောက် ထမင်းမစားလိုက်တဲ့အပြင် ရှောင်းဆီကပါ မတရားခံလိုက်ရတော့ ဖျားတာက ဖြစ်သင့်ပါသည်လေ...။

"ဒါကြောင့်ပြောတာ အစားကိုပုံမှန်စားဖို့"

"နားငြီးတယ်ကိုငယ်ရာ ... ဆေးထိုးမှာမလား ... ထိုးလိုက်"

"ချွတ်... "

       ဆေးထိုးဖို့ ဘောင်းဘီလေးကို အသာဆွဲချပေးလိုက်တော့ ကိုငယ်ကဆေးမထိုးသေးဘဲ သူ့တင်ပါးကိုသေချာငုံ့ကြည့်နေ၏။

"ဘာကြည့်နေတာလဲ"

"အနီကွက်တွေက Allergic ထတာလား ... "

       ရှောင်းသာ သူ့ဘေးရှိရင် အော်ဟစ်ပြီး ထုရိုက်ပစ်လိုက်မှာ အမှန် ...။ ဘယ်လောက်တောင် စုပ်လိုက်လဲ မသိ ....။ အနီကွက်တွေက နှစ်ရက်နဲ့တောင် မပျောက်ဘဲရှိနေသေးသည်။

"စုန်းစုပ်တာ"

"ဘယ်ကစုန်းလဲ ... ငယ်လေးက ဘယ်တွေသွားခဲ့လို့လဲ "

"ဂူအောင်းသိုင်းကျင့်တဲ့ စုန်းစုပ်သွားတာ ... ဆက်မမေးနဲ့တော့ဗျာ နားငြီးတယ်"

      ကိုငယ်က သူ့စကားကို နားမလည်ပေမယ့် ဆက်မမေးတော့ဘဲ လက်ထဲက ဆေးထိုးအပ်နဲ့ သူ့တင်ပါးကို ထိုးချသည်။ ဆေးထိုးပြီးတာနဲ့ ဘောင်းဘီကို ပြန်ဆွဲတင်ပေးပြီး ဆေးထိုးတဲ့နေရာကို လက်ဖနောက်ဖြင့် ဖိချေခံလိုက်ရတော့ သူ့မှာ အတွင်းထဲက အောင့်ခနဲ ... ။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now