အပိုင်း (၁၁) (⚠️ Warn ma nin ta nin)

8.1K 362 152
                                    

Unicode

    မင်္ဂလာပွဲအပြီး ညစာစားပွဲကိုတော့ အသိလူငယ်တွေဖြင့်သာ လုပ်ဖြစ်ခဲ့သည်။ ဝန်ကြီးချုပ်ဝမ်နဲ့ သူ့မိဘတွေကတော့ ကျွန်းပေါ်က သီးသန့်စံအိမ်တွင် အနားယူနေလေပြီ။

"ငါ့ကလေးလေးရော"

"သူ့သူငယ်ချင်းတွေနဲ့ ကမ်းခြေဘက်ထွက်သွားကြတာပဲ"

     ယွီပင်းပြောတော့ ရှောင်းကျန့်ခေါင်းငြိမ့်လိုက်သည်။ ဒီတစ်ညတော့ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပါစေ။ နောက်ဆိုရင် သူ့ကလေးလေးက သမ္မတကြီးရဲ့ ပါရမီဖြည့်ဖက် အနေနဲ့ အခုလို လွတ်လပ်မှာမဟုတ်တော့ ။ သူနဲ့ ပွဲတွေ အတူတူ တက်ရတော့မည်။

"မင်းကတော့ဘယ်တော့ပြန်မှာလဲ ရီရှင်း"

"တဘက်ခါပဲပြန်မှာ "

"စောလှချည်လား ဒီမှာကြာကြာမနေနိုင်တာ ရည်းစားတွေဘာတွေရနေလို့လား"

       ရီရှင်းက ပြုံးရင်းခေါင်းခါ၏။ ဟိုတစ်လောက ရီရှင်း ကိုရီးယားကောင်လေးတစ်ယောက်နဲ့တွဲနေကြောင်း ရိပေါ်ကြားသည်။ ဒါပေမယ့် ရီရှင်းဘက်က အချိန်မပေးနိုင်၍ ပြတ်သွားခဲ့ပါသည်တဲ့။
ဒီလို လူပျိုကြီးဖြစ်မယ့်သူရဲ့ လက်ထဲ မင်္ဂလာပန်းစည်း ကျသွားတာပဲ သူအံ့ဩရ၏။

"ကောင်မလေးရှာလေ"

"မရှာပါဘူး အချိန်မရဘူးအလုပ်တွေများနေတာ"

"မင်းကလည်း အသက်ကတော်တော်ရနေပြီ ရည်းစားလေးဘာလေးထားပါဦး ... သံရုံးမှာ အလုပ်တွေအရမ်းများလို့လား ငါလူလွှတ်ပေးမယ်"

"ဟ .... တော်ပါပြီ ... ရည်းစားမထားချင်လို့ပါ အေးအေးဆေးဆေးနေပါရစေ ... မင်းလိုအပူတွေမရှာချင်ဘူး"

     ပြောရင်းဖြင့် လက်ထဲက ဝိုင်ခွက်ကို တစ်ချက်မော့ကာ ရီရှင်းက ပြုံးပြန်သည်။ ရှောင်းကျန့် လက်ထပ်လိုက်တာဟာ အပူရှာခြင်းမဟုတ်ဘဲ နွေးထွေးမှုဆိုတာတော့ မချစ်တတ်တဲ့သူတွေသိမှာမဟုတ်။
အချစ်ဆိုတာ သိပ်ကို နတ်ကြီးသည်။
ကံနိမ့်တဲ့ သူတွေဟာ သူများချစ်ခြင်းတွေကို ကြည့်ရင်း ပူလောင်နေကြရပြီး ကံမြင့်တဲ့သူတွေအတွက်တော့ တခြားသူတွေရဲ့ ချစ်ခြင်းတရားတွေဆီကပါ အေးချမ်းမှုတွေ ရယူနိုင်ကြတာမျိုးပေါ့။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now