အပိုင်း (၁၆)

5.3K 338 62
                                    

Unicode

     ပြန်မလာနဲ့ဟု ပြောထားခဲ့ပေမယ့် သူ့အတွက်နွေးထွေးရာ အိမ်ဟာ ရှောင်းရင်ခွင်သာဖြစ်၍ ရှောင်းရှိနိုင်မည့် အပန်း​ဖြေစံအိမ်ဆီ ပြန်လာခဲ့သည်။ ဒီလိုအခြေအနေမှာ ရှောင်းက သမ္မတအိမ်တော်ကို ပြန်နေမည်မဟုတ်။
ရှောင်းပေးခဲ့တဲ့ လက်ထပ်စာချုပ်ဟာတော့ သူ့လက်ထဲ ကြေမွလျက်ပင်။

"ရှောင်းရော ယွီပင်းကော "

"အခုတော့ ရိပေါ်ပြန်တာကောင်းလိမ့်မယ် ... အကိုရှောင်းတော်တော်လေးဒေါသထွက်နေတယ်"

      ရှောင်းဒေါသထွက်နေတာကို ယွီပင်းကောပြောစရာမလိုလောက်အောင် အိမ်ထဲက ပြန့်ကျဲနေသည့် ပန်းအိုးကွဲစတွေနဲ့ ပျက်ဆီးနေသည့် ပရိဘောဂတွေက သက်သေပြနေ၏။

"လာပါ ရိပေါ်ရယ် ... ပြန်ရအောင် ... သမ္မတရှောင်းကို ငါတို့နောက်မှဖျောင်းဖျပေးပါ့မယ်"

"မဟုတ်ဘူး ... ကျွန်တော်ဖျောင်းဖျမယ် ... ရှောင်းကို ကျွန်တော်တောင်းပန်မှာ စီနီယာ"

"ရိပေါ်ရယ် ပြောမရပါလားကွာ ... "

        ဘယ်သူ့စကားကိုမှ နားမထောင်ဘဲ အပေါ်ပြေးတက်ခဲ့တော့ သူနဲ့ရှောင်းတို့ရဲ့ အခန်းလေးက တံခါးပိတ်ထားခဲ့သည်။

"ရှောင်း ! တံခါးဖွင့်ပါဦး ကျွန်တော်တောင်းပန်ပါတယ်"

     တံခါးကို တဒုန်းဒုန်းထုကာခေါ်နေသော်လည်း ရှောင်းက တမင်တကာပြန်မထူးသည့်ပုံပင် ။
ရှောင်းကို သူဘယ်လောက်ချစ်ကြောင်း ရှောင်းသိအောင်ပြောပြချင်၏ ။
ချစ်ပုံချစ်နည်းမတူရင်တောင် သူ့အချစ်တွေဟာ ရှောင်းရဲ့အချစ်ထက် နည်းနည်းလေးမှ မလျော့...။

"ရှောင်း ! တံခါးဖွင့်လို့ ! ရှောင်း !! ကျွန်တော်ခေါ်နေတယ်လေ"

        သူ အသံတွေကွဲအက်တဲ့အထိ အကြိမ်ကြိမ်အော်ခေါ်တော့မှ သူ့အရှေ့က အခန်းတံခါးဟာ အနည်းငယ်ပွင့်ဟလာပြီး သူ့အား အခန်းဝကနေဒေါသတကြီးစိုက်ကြည့်နေတဲ့ ရှောင်းကိုပါ တစ်ပြိုင်နက်တည်း မြင်လိုက်ရသည်။

"မင်းကို မလာနဲ့လို့ပြောထားတယ်မလား"

"တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်ရှောင်းရယ် ... မကွာရှင်းပါရစေနဲ့ "

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now