အပိုင်း (၁၇)

5.3K 339 54
                                    

Unicode

"မင်းနော် ... ကိုယ့်ညီကိုယ် ထိန်းမယ်မရှိဘူး မင်းကပါ"

      ဝန်ကြီးချုပ်ဝမ်ရဲ့ ဆူပူမှုကို ခေါင်းငြိမ့်ငြိမ်ခံနေရသည့် ဒေါက်တာဟိုက်ခွမ်းရဲ့မျက်နှာလေးဟာ ဇီးရွက်လောက်သာ ရှိတော့သည်။

"ဖေဖေ့သားက ထွက်သွားမယ်ပြောတာကို"

"ဒီအဖေကိုလာပြောလေ ... ဒီအဖေကို မရှိဘူးထင်နေတာလား"

"ဖေဖေတော်ပါတော့ ... ရှောင်းကျန့်လည်းရှိနေတာကို"

"ဒီကောင်လည်းအတူတူပဲ ... သားငယ်ကို အပိုးကျိုးအောင် ဆုံးမမယ်မရှိဘူး ... ဟိုကငိုပြတာနဲ့ပျော့တာပဲ ... သူ့ကြောင့်ဆိုးနေတာ"

"အိ"

     ရီရှင်းဝင်ပြောမှ ဝန်ကြီးချုပ်ဝမ်ရဲ့ ဒေါသဟာ သူ့ဘက်လှည့်လာ၍ တံတွေးမြိုချနေရ၏ ။
သမ္မတဖြစ်နေပေမယ့် ယောက္ခထီးကိုတော့ ပြန်မပြောရဲ ။

"ဖေဖေ့သားကိုလည်းကြည့်ဦးလေ ... မစားနိုင််သောက်နိုင်တွေဖြစ်နေတာ ... ရှောင်းကျန့်မှပြန်မချော့ရင် သေတော့မယ့်လူလိုဖြစ်နေတာကို ရှောင်းကျန့်က ဒီအတိုင်းကြည့်နေနိုင်မလား"

"ပစ်ထားလိုက်လေ ... ဒါမှ သူမဆိုးတော့မှာ ... လက်ထပ်ပြီးကတည်း ဒီကလေးဆိုးနေတာ"

"ဖေဖေအလိုလိုက်ထားလို့ပေါ့"

      သားအဖတွေရဲ့ စစ်အေးတိုက်ပွဲကြား ကလေးငယ်အမြန်နိုးလာဖို့ တောင့်တနေရသူက ရှောင်းကျန့်ပင်။ ဒေါက်တာဟိုက်ခွမ်းကတော့ သူ့အပြစ်နဲ့သူမို့ ဘာမှဝင်မပြော ... ။ ရှောင်းကျန့်ကိုလည်း မျက်နှာချင်းဆိုင်ဖို့ ခက်ခဲနေပုံ။

"အခုဘယ်လိုဆက်လုပ်မှာလဲ "

"သည်းငယ်လေးကို စံအိမ်ပဲပြန်ခေါ်သွားပါ့မယ် ... သူပြန်ချင်မှပါ"

"မဟုတ်ဘူး ... မရှိတဲ့ကလေးကိစ္စကိုပြောတာ ... "

"သည်းငယ်စိတ်ချမ်းသာသလိုနေပါစေ ... သူသွားတဲ့လမ်းအတိုင်း ကျွန်တော်တွေးထားပါတယ် ဖေဖေ"

      သူ သုံးနှုန်းလိုက်သည့် နာမ်စားကြောင့် ဝန်ကြီးချုပ်ဝမ်က ပြူးကြည့်သည်။ ခုနက အသံထွက်မလာသည့် ဒေါက်တာဟိုက်ခွမ်းဟာလည်း ခွိခနဲ ။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now