အပိုင်း (၁၀)

4.5K 334 129
                                    

Unicode

လက်ထပ်ပွဲနီးလေ ရှောင်းက အလုပ်များလေဖြစ်သည်။ သို့သော်လည်း အလုပ်ဘယ်လောက်များများ ရိပေါ်ရဲ့မျက်နှာလေးကိုတော့ တစ်နေ့တစ်ခေါက်လာကြည့်တတ်၏။

"ကိုငယ်မညစ်နဲ့"

"မညစ်ဘူးလေ"

ဒီနေ့တော့ သူတို့ အိမ်မှာ လူစုံနေသည်။ ရှောင်းကလည်း ညနေမှ ပွဲရှိ၍ မနက်ပိုင်းကို သူ့အားအချိန်ပေးမယ်ဆိုကာ မိုးလင်းကတည်းက သူ့ဘေးနားက မခွါ ... ။ ချောင်းချောင်းတို့ကလည်း ရောက်နေပြီး ပါမောက္ခချုပ်ကပါ အကြောင်းမရှိ အကြောင်းရှာလျက် ရှောင်းနဲ့အတူတူလိုက်လာသည်။ အခုသူတို့အားလုံး Tennis ကွင်းထဲမှာ ...။

"ရှောင်း ... ကိုငယ်က တအားညစ်တာပဲ"

"ဘယ်လိုညစ်လို့လဲ ကလေးလေးရဲ့ ..."

သူပြောတော့ ရှောင်းက ထိုင်နေရာမှ ထလာပြီး သူ့ပါးကို ရွှတ်ခနဲနမ်းကာ မေးသည်။ လူကြီးတွေလိုသာ ဝတ်တတ်သည့် ရှောင်းရော ကိုကြီးရောကပါ ဒီနေ့တော့ ဘောင်းဘီတိုလေးတွေဖြင့် တကယ့်ကို လူငယ်ဆန်ဆန် ...။ ရှောင်းက အသက် သုံးဆယ်ကျော်လို့ မထင်ရအောင် သိပ်ကိုနုလွန်းပါသည်။ သုံးဆယ်ကျော်ဆိုတာလည်း သိပ်မကြီးသေးပါ ...။

"ကိုငယ်က အားနဲ့ လွှဲရိုက်တယ်"

"နိုင်အောင်ရိုက်ရတာပဲလေ"

ကိုငယ့်အစားထွက်လာသည့် အသံက ပါမောက္ခ ကျိုးချန်ဆီက ... ။ ရိပေါ် ပေါမောက္ခကျိုးချန်ကို ဘုကြည့်လှမ်းကြည့်လိုက်သည်။

"ရှောင်း ... တွေ့လား ကျွန်တော့်ကိုပြောနေတာ"

"သူတို့ကသည်းငယ်လေးကို စတာပါ ... ကိုယ်နဲ့ ရိုက်မယ်လေနော် ... ကိုယ်အလျှော့ပေးမယ်"

"ရှောင်းက အမြဲလျှော့ပေးနေတာလေ ... ကိုငယ်လျှော့ပေးတာပဲလိုချင်တာ ... အာ့ "

ကိုငယ့်ကို ရစ်နေတုန်း ဘေးကနေအရှိန်ဖြင့်လာမှန်သည့် Tennis Ball ကြောင့် ခေါင်းပါလည်ထွက်သွားသလို ...။ ရိုက်လိုက်တာက ဖန်ချောင်းချောင်းရဲ့ ဘဲကြီးဖြစ်သည်။ ဖန်ချောင်းချောင်းရဲ့ ဘဲကြီးဆိုသည်မှာလည်းတခြားသူမဟုတ် ...။ ဟိုတစ်ခါ နေ့လည်စာစားပွဲမှာ ရှောင်းနဲ့ သဝန်တိုခဲ့ရသည့် လူသာ ...။ ဖန်ချောင်းချောင်းကတော့ ရိပေါ်ထပ်ပြီး သဝန်မတိုရအောင် သူက အနစ်နာခံကာ တွဲပေးလိုက်သည်ဟု ဆိုသည်။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now