အပိုင်း (၁၄)

3.8K 303 86
                                    

Unicode

   ဆောင်းရာသီပွဲတော်အတွက်  တစ်ပတ်လုံးအလုပ်ရှုပ်နေပြီး ဒီနေ့မှ နားရက်ရ၍ သူ့ကလေးငယ်စားဖို့ မနက်စာကို ကိုယ်တိုင်ပြင်ဆင်ပေးနေမိသည်။ ဖွယ်ဖွယ်ရာရာ မလုပ်တတ်သော်လည်း ပေါင်မုန့်မီးကင်ကတော့ သူ့အတွက် မခက်ခဲ ။

"ယွီပင်း ... နွားနို့လေးကို ပူအောင်နွှေးပေးပါဦး"

"လူတွေက အပြောင်းအလဲမြန်တယ်နော် ... လိုတစ်မျိုးမလိုတစ်မျိုးနဲ့ ... "

     သူ့အားရွဲ့စောင်းပြောရင်းမှ နွားနို့အိုးကို မီးဖိုပေါ်ဆောင့်တင်လိုက်တာကြောင့် သူ့မှာရယ်ချင်စိတ်ကို ထိန်းထားရ၏ ။

"ငါ့ကလေးလေးကို သွားနှိုးဦးမယ် ... "

      ယွီပင်းရဲ့ မျက်စောင်းတွေကို လျစ်လျှူရှုရင်း အပေါ်ထပ် အခန်းဆီပြေးတက်ခဲ့တော့ ကလေးငယ်ဟာ သူတို့ရဲ့ နှစ်ယောက်အိပ်ကုတင်အကြီးကြီးပေါ်မှာ ကွေးကွေးလေး ....။
ပါးဖောင်းဖောင်းလေးတွေက ခေါင်းအုံးဖိနဲ့ ကပ်နေ၍ ပိုပြီးဖောင်းထွက်နေသည်မှာ အသည်းယားဖွယ်... ။

"ကိုယ့်သည်းငယ်လေးရေ ... "

     အိပ်မောကျနေသော ပေါက်စကလေးကို မနှိုးရက်သော်ငြား သူနဲ့အပြင်သွားဖို့ ရှိတာကြောင့် မနှိုးလို့တော့ မဖြစ်ပါ။

"သည်းသည်းငယ်လေးရေ ... ထတော့လေ "

"အွန်း .... "

       ပုခုံးဘေးတွေကိုနောက်ကနေ ဆွဲဖက်ပြီးထစေတော့ ကလေးငယ်ဟာ မျက်လုံးမပွင့်ဘဲ သူ့ရင်ခွင်ထဲတိုးဝင်လာသည်။

"အိပ်ချင်သေးတယ် ... ဟွန်း "

"ဆယ်နာရီထိုးနေပြီ ကလေးလေးရ"

"ထချင်ဘူး ... ပျင်းတယ် ... ပျင်းလို့ လက်ကလေးတွေတောင်မလှုပ်ချင်ဘူး ... မျက်လုံးလေးတွေလည်း မဖွင့်ချင်ဘူး "

"ကိုယ့်လက်နဲ့ ကလေးလေးမျက်လုံးလေးတွေကို ဖွင့်ထားပေးရမလား ... "

      သူ့စကားကို ခေါင်းခါရင်း လက်ကလေးတွေဖြင့် သူ့ခါးဆီ ဖက်တွယ်လာသည့် ကလေးငယ်လေး ...။
အပြုအမူတစ်ခုချင်းစီတိုင်းဟာ ချစ်ဖို့ကောင်းလွန်း၍ မမေ့ရက်စရာပင်။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now