အပိုင်း (၂)

8.6K 672 258
                                    

Unicode

"သမ္မတရှောင်းသိရင်တော့ ဆူတော့မှာပဲရိပေါ်ရယ်"

ဆိုင်ကယ်မှောက်လို့ ရလာတဲ့ ရိပေါ်ရဲ့ ဒဏ်ရာတွေကို ကိုငယ်ကဆေးထည့်ပေးရင်း ပြောသည်။ ဒူးပြဲပြီး လက်မှာ ပွန်းရာရတာလောက်ကတော့ ရိပေါ်အတွက် အပျော့....။

"ဘယ်သူ့ကိုဆူမှာလဲ သားကိုလားရှောင်းကဆူမှာ"

"ဆူမှာပေါ့ သမ္မတရှောင်းက ရိပေါ်အခုလိုလုပ်နေတာတွေကို မသိဘူးမလား"

"သားကမဆိုးပါဘူး အခုလည်းငိုက်သွားလို့ပါဆိုနေ"

"ဒီလောက်ပဲဖြစ်လို့တော်သေးတယ်လေ မင်းသာ တစ်ခုခုဖြစ်ကြည့်ပါလား သမ္မတရှောင်းက ရင်ကွဲမှာ"

သူ့အနာကို ဆေးဖိထည့်ရင်းပြောနေသည့် ကိုငယ်က သူ့ထက်ရှောင်းကို ပိုစိတ်ပူနေသလို..။ ရိပေါ်နှုတ်ခမ်းကို ရွဲ့လိုက်ပြီး ကိုငယ့်ကို တွန်းလွှတ်လိုက်သည်။

"ပြန်ပြန် ... သားကထိလာတာကို ရှောင်း ရင်ကွဲမှာပဲစိတ်ပူနေတာပေါ့"

"မဟုတ်ရပါဘူး ရိပေါ်ရယ် အခုထိလာတာအများကြီး နည်းနည်းလေးမှမနာဘူးလား ကိုငယ်ကစိတ်ပူလို့ပြောတာ ဒီထက်ပိုထိလာရင်ရော"

"တရုတ်နိုင်ငံရဲ့ အတော်ဆုံးခွဲစိတ်ဆရာဝန်ကြီးက အိမ်မှာရှိနေတာပဲ သားကဘာကိုကြောက်ရမှာ"

"လိမ္မာအောင်ဆုံးမနေတာကို"

"ကိုငယ်က ရှောင်းမှမဟုတ်တာ"

သူစကားအဆုံးကိုငယ်က သူ့ပေါင်ကိုလက်ဖြင့် ရိုက်သည်။ ဒါကြောင့်မို့လို့ ရိပေါ် ကိုငယ့်ကို ကိုကြီးလောက် မချစ်တာ။

"ကိုကြီးရေ ဖေဖေရေ သားကို ကိုငယ်ရိုက်နေတယ်"

"ဟိုက်ခွမ်း မင်းကလေးကိုဘာလုပ်တာလဲ"

သူ့အော်သံကြောင့် အခန်းထဲသို့ဝင်လာကြတဲ့ ဖေဖေနဲ့ ကိုကြီးက အရင်ကတည်းကအခန်းပြင်မှာစောင့်နေပုံရသည်။ ဒူးလေးပြဲပြီး လက်ကလေးပွန်းတာမို့လို့ တော်ပါသေး၏။

"သားငယ်လေး အခြေအနေကရော ဆေးရုံသွားဖို့လိုလား ဟိုက်ခွမ်း"

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Donde viven las historias. Descúbrelo ahora