အပိုင်း (၁၂)

4.3K 327 34
                                    

Unicode

    ဘေးနားမှာ အိပ်မောကျနေတဲ့ ရှောင်းကို စောင်ဆွဲခြုံပေးလိုက်ပြီးတာနဲ့ ခြေကို ဖွဖွလေးနင်းကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။
ဒီနေ့က သူတို့နှစ်ယောက်လုံး အပန်းဖြေစံအိမ်မှာ အိပ်တဲ့နေ့ ...။
လက်ထပ်ပြီးကတည်းက သမ္မတအိမ်တော်မှာပဲနေရသလို ဘယ်သွားသွား ကိုယ်ရံတော်တွေရှိနေသဖြင့် စိတ်လွတ်ကိုယ်လွတ်မသွားရ။ Weekend တွေဆို ရှောင်းက သူ့ကိုအပန်းဖြေစံအိမ်ဆီခေါ်လာပေးသော်လည်း ဆိုင်ကယ်မစီးရတာတော့ တော်တော်လေးကြာနေလေပြီ။

"ကြာလိုက်တာ"

"ရှောင်းအိပ်တာစောင့်နေရသေးတယ် ... ဘယ်မှာလဲ ဦးထုပ်"

      ဖန်ချောင်းချောင်း လှမ်းပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို ခေါင်းမှစွပ်ပြီးတာနဲ့ ဆိုင်ကယ်ပေါ်အရင်တက်လိုက်သည်။

"ဖြစ်ပါ့မလား ... သမ္မတကြီးနိုးလာလို့မင်းကိုမတွေ့ရင်ရော "

"ရှောင်းက ငါချွဲလိုက်ရင် ရပါတယ် ... ပူမနေနဲ့ ... အခုဟိုကောင်တွေဆီ သွားရမှာမလား ... "

"မင်းက လူညာသိလား ... မင်းကသာ သမ္မတကြီးကို ညာစားနေတာ "

"ညာတာက ငါညာတာမှန်ပေမယ့် စားတာက သူစားတာ ... "

      ဖန်ချောင်းချောင်းက သူ့အင်္ကျီစကို ဆုပ်ကိုင်ထားရင်းမှ ဦးထုပ်စွပ်ထားတဲ့ခေါင်းကို တစ်ချက်လှမ်းပုတ်သည်။

"ဟေ့ကောင်! ဆိုင်ကယ်မှောက်သွားမယ် "

"မင်းကပေါက်ကရတွေပြောနေတာလေ "

"မင်းကရှက်တာလား ... မင်းကလေ "

       ဖန်ချောင်းချောင်းဆီက အဖြေပြန်မလာဘဲ သူ့ဆိုင်ကယ်ဦးထုပ်ကို နောက်တစ်ကြိမ်ပုတ်ခြင်းကိုသာ ခံလိုက်ရ၏ ။
ဆိုင်ကယ်ကိုသာ အာရုံစိုက်မောင်းနေရသဖြင့် သူလည်း ဘာမှဆက်မပြောတော့ ... ။ ရင်ထဲမှာတော့ အနည်းငယ် လှိုက်ခနဲ လှိုက်ခနဲ တုန်နေသည်။
ရှောင်းနိုးလာလို့ သူ့ကိုရှာမတွေ့ရင် ဖုန်းအရင်ဆက်မှာက အသေအချာ ...။

"ရိပေါ်"

"စီနီယာ .. ရောက်တာကြာပြီလား"

"မင်းမွှေပြန်ပြီနော် သမ္မတကြီးသိရင်မလွယ်ဘူး "

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now