Unicode
"ထွက်သွား!"
ကုတင်ပေါ်မှာ ကျုံ့ကျုံလေးထိုင်ရင်း အဝတ်အစားတွေနဲ့ ပစ်ပေါက်နေသည့် သူ့ကောင်လေးဟာ တအင့်အင့် ရှိုက်ငိုလျက် သူ့ကို အော်လွှတ်နေခဲ့သည်။
"မငိုပါနဲ့ကလေးလေးရယ် ကိုယ်ရင်နာလို့ပါ"
"လူယုတ်မာ"
ဘေးနားက ခေါင်အုံးကို ယူကာ အားပြင်းပြင်းနဲ့ လှမ်းပစ်လိုက်တာကြောင့် ရှောင်းကျန့် ရှောင်ချိန်မရ...။ မျက်နှာကိုထိပြီး ပြုတ်ကျလာတဲ့ ခေါင်းအုံးအားဖမ်း၍သာ ကုတင်ပေါ်ဝင်ထိုင်လိုက်သော်လည်း ကလေးငယ်ကအတင်းတွန်းထုတ်နေသဖြင့် သူပြန်ထရသည်။
"မဟုတ်ပါဘူးကလေးရယ် ကိုယ်က"
"ပြောတော့ ကျွန်တော်အရိုးလေးစူးမှာကိုတောင်ကြောက်တယ်ဆို"
"ဒါအရိုးမှမဟုတ်တာ ကလေးလေးရယ်"
"ထွက်သွား ! ခင်ဗျားမျက်နှာမကြည့်ချင်ဘူး"
သူ့အား အော်ပြောပြီးတာနဲ့ စောင်ကို ခေါင်းအထိဆွဲခြုံလျက် ကုတင်ပေါ်လှဲအိပ်သွားပြန်တော့ သူ့မှာ စိတ်မကောင်း...။
ညက သူစိတ်တွေလွတ်ထွက်ပြီး အရမ်းကြမ်းခဲ့မိတာကို ဒီကလေးကမကျေမနပ်ဖြစ်ပြီး သောင်းကျန်းနေခြင်း....။"ကိုယ်တောင်းပန်ပါတယ် ကလေးလေးရယ် မှားသွားပါတယ်"
"ခင်ဗျားဘာလို့အရမ်းလုပ်လဲ ... အရမ်းနာသွားပြီကို"
"ဘာမှမဝတ်ထားတဲ့ ကလေးလေးက အရမ်းလှနေလို့လေ"
သူ့စကားကြားတာနဲ့ ကလေးငယ်ရဲ့ မျက်စောင်းဟာ ဒိုင်းခနဲ...။ သူကုတင်ပေါ်ပြန်တက်လိုက်ပြီး သူ့အသည်းငယ်လေးကို ဆွဲပွေ့ထားလိုက်သည်။
"အရမ်းမလုပ်ပါနဲ့ဆို!!"
"တောင်းပန်ပါတယ် ကိုယ်မှားသွားပါတယ် နောက်အရမ်းမကြမ်းတော့ဘူးလေနော် ကလေးလေး ကိုယ့်ကိုကြည့်ပါဦးကွာ"
"လူညာ ... "
ကလေးလေးက သူ့ကိုကြည့်မလာဘဲ သူ့ရင်ဘတ်တွေကိုသာ ထုလိုက်လာတာကြောင့် ရှောင်းကျန့်မှာ လက်ကလေးနာသွားမှာကို စိုးရိမ်ရပြန်သည်။
YOU ARE READING
𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨
Fanfiction"ရှောင်း"လို့မင်းလေးတစ်ခါပဲချွဲပါ ကိုယ်ကတိမ်တွေပါခူးဆွတ်ပေးမှာ Xiao Zhan x Wang Yibo Warning ⚠️ ရည်းစားမရှိသူများအတွက် ဒီပရက်ရှင်ရစေနိုင်၍စိတ်ခိုင်မှဖတ်ရန် ..။ စိတ်မခိုင်ဘဲဖတ်ပါက မျက်ရည်ဘူးသီးလုံးလောက်ကျစေနိုင်သည်။ ဖတ်ပြီးရည်းစားလိုချင်လာလို့ ရည်းစ...