အပိုင်း (၈)

4.6K 356 105
                                    

Unicode

     ရှောင်းကျန့် ဒဏ်ရာက သိပ်မပြင်းထန်တာကြောင့်ဆေးရုံမှာ သုံးရက်သာနေရပြီး သမ္မတအိမ်တော်မှာ နှစ်ရက်အနားယူကာ အခုတော့ သူ့အသည်းနှလုံးလေးနဲ့ အပန်းဖြေစံအိမ်ရောက်နေခြင်း....။
ကလေးလေးကတော့ သူဖြစ်ပြီးကတည်းက သူ့အနားကမခွါဘဲကျောင်းတောင် မသွားတော့ ...။

"ဟေ့ကောင် ... ထည့်လိုက် "

"မင်းဟာက ဖြစ်ပါ့မလား"

"ထည့်လို့ရတယ်ဆိုနေ"

      မီးဖိုဆောင်က အသံတွေကြောင့် ဧည့်ခန်းမှာ ဆက်ထိုင်နေလို့မရတော့ဘဲ သူထလာရသည်။ မီးဖိုခန်းထဲ သူ့ကလေးလေးနဲ့ သူငယ်ချင်းဆိုသူ ဖန်ချောင်းချောင်းသာရှိ၍ အနည်းငယ် စိတ်ပူမိ၏။
ကျောင်းမသွားတဲ့ကလေးငယ်က ဒီရက်ပိုင်းသူငယ်ချင်းတွေကို ခေါ်ပြီး အနောက်ဘက်အားကစားဝင်းထဲ Golf ရိုက်တာတို့ Basketball ဆော့တာတို့ လုပ်နေကျ...။

"အဲ့ဒါက စားမကောင်းဘူးလေ"

"ကောင်းမယ်ထင်တယ် ထည့်လို့ရတယ် ငါမြည်းဦးမယ်"

        သူဝင်ကြည့်တော့ နှစ်ယောက်သားတစ်ခုခုကို ချက်နေပုံ...။ ရိပေါ်က သူနေမကောင်းတဲ့ အချိန်ကစပြီး ကိုယ်တိုင်ချက်ကျွေးချင်တယ်ဆိုကာ ပေါက်ကရတွေချက်ကျွေးနေ၍ သူ့မှာ ကြိတ်မှိတ်စားနေရပါသေးသည်။

"အော့ ...."

"ဘာဖြစ်တာလဲ သည်းငယ်"

"သမ္မတရှောင်း အဲ့မှာလေ ရိပေါ်က ရှာလကာရည်တွေ အများကြီးထည့်နေတာ အခုလည်းသောက်ကြည့်နေတယ်"

     လျှာလေးကို ထုတ်ရင်း အန်ချင်သလို လုပ်နေတဲ့ ကလေးငယ်အနား သူတိုးသွားလိုက်ပြီး ထိုလျှာလေးကို ဆွဲစုပ်မိသည်။ ကလေးငယ်ရဲ့ လျှာထက်မှ ချဉ်တင်တင်အရသာက သူ့ဆီပါ ကူးစက်လို့ ...။

"ပေါက်ကရတွေမလုပ်ပါနဲ့ သည်းငယ်ရယ် ... ရေသောက်လိုက်"

"ရှောင်းကိုကောင်းတာကျွေးချင်လို့ဟာကို "

"အဲ့ဒါက ကောင်းမှမကောင်းတာ"

"ကျွန်တော့်ကို ငြင်းလိုက်တာလား အခု ... ရှောင်းက သူပြောတာကို ထောက်ခံတာလား "

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now