Extra

2.7K 183 14
                                    

Unicode

    မင်္ဂလာသက်တမ်းသုံးနှစ်ကျော်ကြာပြီးတဲ့နောက်မှာ ရှောင်းကျန့်ရဲ့ အပန်းဖြေစံအိမ်ကြီးထဲ အဆိုးလေးရဲ့ ဘွဲ့ဓာတ်ပုံကို သူတို့မင်္ဂလာဆောင်ဓာတ်ပုံရဲ့ ဘေးတင့်တင့်တယ်တယ် ချိတ်ဆွဲနိုင်ခဲ့သည်။

"ရှောင်း ...  Morning "

"မောနင်း သည်းငယ် .. ကြည့်ပါဦး ဖိအိပ်ထားတာလား ပါးလေးတောင်ရဲနေပြီ "

"အွင်း .. ရှောင်းကအစောကြီးထသွားတော့ ကျွန့်ပါးနုနုလေးက ခေါင်းအုံးပေါ်ဖိမိတာပေါ့ ရှောင်းလက်မောင်းလောက်မနူးညံ့ဘူးလေ"

       သူ့ရဲ့ အချစ်ဆုံးလေးက အသက် ၂၅ကျော်သွားတာတောင် အချွဲလေး ဖြစ်နေတုန်းပင် ။ ဝမ်အိမ်တော်ရဲ့ ဆည်းလည်းလေး ဖြစ်နေသေးသလို ဖေဖေ နဲ့ မေမေဆိုလည်း သည်းသည်းလှုပ် ..။

"ဒီနေ့ သည်းငယ်အိမ်မှာပဲလား"

"အစည်းအဝေးရှိသေးတယ် နေ့လည်"

       ဝန်ကြီးချုပ်ဝမ်ပိုင်တဲ့ Shopping Mallကို သည်ငယ်လေးက ဦးစီးနေနိုင်ပြီဖြစ်ပြီး Fashion Company တစ်ခုရဲ့ CEO အဖြစ်လည်း တာဝန်ထမ်းဆောင်နေခဲ့သည်။
ရှောင်းကျန့်ကတော့ သမ္မတအဖြစ်က နုတ်ထွက်ပြီး သူ့ရဲ့ စီးပွါးရေး လုပ်ငန်းတွေဆီ ယွီပင်းအား မန်နေဂျင်းအဖြစ်လွှတ်ထားကာ သူကအိမ်ကပဲ ညွှန်ကြား၏။
တစ်ခါတစ်လေ ရှယ်ယာရှင်အစည်းအဝေးတချို့ ဒါမှမဟုတ် နိုင်ငံတော်နဲ့ ပတ်သက်လာသည့် case တွေဆိုရင်တော့ ဝင်မပါလို့မရ ။
သမ္မတထက် အင်အားကြီးသည့် ရှောင်းလုပ်ငန်းစုရဲ့ ပဲ့ကိုင်ရှင်ဖြစ်၍ အရာရာဟာ သူ့ဆုံးဖြတ်ချက်လိုအပ်သည်။

"ရှောင်းရော ဒီနေ့ ဘာရှိလဲ "

"သမ္မတဝမ်က ကိုယ့်ကို ဖိိတ် .... "

"မသွားရပါဘူး .. အဲ့ အကိုအန်းယွီကတော့ သူများယောက်ျားကို အားတိုင်းယားတိုင်းဖိတ်နေတော့တာပဲ"

"အင်းပါ .. မသွားတော့ဘူး သည်းငယ်သဘော"

       နိုင်ငံတော်အတွက် သူ့ဆုံးဖြတ်ချက်လိုအပ်သလို သူ့အတွက်တော့ ရိပေါ်ကပဲ ဆုံးဖြတ်ပေးပါသည် ။
ဒါကို သူသွားပြီး လွန်ဆန်လို့မရ ။
တစ်ခါတစ်လေ အလိုမလိုက်မိရင် ဝမ်အိမ်တော်ပြန်ပြီး ကောက်သွားတတ်လို့ ရှောင်းကျန့်မှာ လိုက်ချော့ရတာ အခါခါ ။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now