အပိုင်း (၁၈) - ဇာတ်သိမ်း (Warning⛔️)

8.6K 368 35
                                    

Unicode

မနက်နှစ်နာရီလောက်ကြီး ဝန်ကြီးချုပ်ဝမ်ဆီက ဖုန်းရတာကြောင့် သူ့မှာ နောက်နေ့အစည်းအဝေးပွဲတက်ရောက်ဖို့ ဖျက်သိမ်းပြီး ပေကျင်းကို ချက်ချင်း ပြန်လာခဲ့ရသည်။
သူ့အတွက် ကလေးငယ်လောက် ဘယ်အရာကမှအရေးမကြီး။

"ဘာပြောသွားသေးလဲ "

"ဘာမှမပြောဘူး ဆိုင်ကယ်သော့ယူပြီးထွက်သွားတာပဲ ... သူ့သူငယ်ချင်းတွေကိုဖုန်းဆက်တော့လည်း ပြန်သွားပြီပြောတယ်"

လေယာဉ်စီးရတာပင်ပန်းတာရော စိတ်ပင်ပန်းတာရောပေါင်း၍ သူ့မှာ မက်တပ်ပင်မရပ်နိုင်တော့ ... ။ Sofaပေါ်သာ ပစ်ထိုင်ချ၍ မျက်ရိုးတစ်လျှောင်ကိုသာ ဖိနှိပ်နေရ၏။

"သားငယ်က ဖုန်းလည်းပိတ်ထားတယ်"

"ငယ်လေးကဘာတွေလျှောက်လုပ်ဦးမလဲမသိဘူး ... အဲ့ဒါဖေဖေ့ကြောင့် ... "

"မင်းအကြံပေးတာလေ"

ဒေါက်တာဟိုက်ခွမ်းနဲ့ ဝန်ကြီးချုပ်ဝမ်ရဲ့ ငြင်းခုံသံတွေကြား သူနဲ့ ရီရှင်းမှာ ပိုခေါင်းနောက်လာသည်။
ပိတ်ထားတဲ့ဖုန်းကိုသာ အကြိမ်ကြိမ်ခေါ်နေရင်း သူရင်ထဲ အပူမီးတွေ​စွဲလောင်နေသလို ။
ကလေးငယ်ဟာ အပြင်ထွက်တယ်ဆိုရင်တောင် အခုချိန်လောက်ထိတော့ ပြန်မလာဘဲမနေ ။

"တစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်"

"ယွီပင်း ... ငါ့ကို ဆိုင်ကယ်ကွင်းလိုက်ပို့"

သူဒီအတိုင်းထိုင်နေလို့မဖြစ်တော့ ။ နောက်တစ်နေ့ မနက်ခုနှစ်နာရီကျော်နေပြီဖြစ်၍ သူကိုယ်တိုင်ထွက်မှရတော့မည်။

"သက်တော်စောင့်ကားတွေကို ခပ်လှမ်းလှမ်းကပဲ လိုက်ခိုင်းလိုက် ... ပြီးတော့ ... ဝန်ကြီးချုပ်ဝမ် ... လျိုအာကို တကယ်မွေးစားမယ့် ကျင်းရီဆီပြန်ပို့လိုက်ပါ"

"ငါလည်းလိုက်မယ်"

သူပြောပြီးတာနဲ့ အိမ်ထဲက ထုတ်ဖို့အလုပ် သူ့လက်တွေကို လှမ်းဆွဲလာသည့် ရီရှင်း ။ ညီအငယ်ဆုံးလေးကို သိပ်ချစ်သည့် ရီရှင်းဟာ ဘယ်လောက်ထိစိတ်ပူနေမလဲ မပြောလည်းသိနိုင်၏။
ကျင်းရီကလေးမွေးစားမယ့် ကိစ္စကို ကြားတာနဲ့ ဝန်ကြီးချုပ်ဝမ်စခဲ့သော ကလေးငယ်ကိုလိမ္မာအောင်လုပ်မည့် ဇာတ်လမ်းဟာ တစ်ညတည်းမှာပဲ ဇာတ်သိမ်းသွားခဲ့သည်။
လျိုအာ့အပေါ်သဝန်တိုအောင်လုပ်မည့် နည်းလမ်းက ကလေးမဟုတ်တော့သည့် သူ့သည်းငယ်လေးအတွက် မထိရောက်ဘူးဟုထင်ခဲ့သော်လည်း သူ့ကလေးငယ်ဟာ သဝန်အတိုလွန်ပြီးစိတ်ကလေးပါ ထိခိုက်သွားသေး၏။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now