အပိုင်း (၁၅) ❗️

4.9K 352 59
                                    

Unicode

"ရှောင်း "

       အိမ်ရှေ့တံခါးဝကနေ ထွက်သွားဖို့ ကြံရွယ်နေသည့် ရှောင်းအား လက်ကနေဆွဲထားမိတော့ ရှောင်းက သူ့ကို နာနာကျည်းကျည်း ကြည့်ရင်း ဆောင့်ရုန်းသည်။

"ကျွန်တော်တောင်းပန်ပါတယ် ... ရှင်းပြတာနားထောင်ပါဦး "

"မင်းကို ကြောက်သွားပြီ ရိပေါ် ... မင်းငါ့ကို ကစားနေတာ ... ငါ့မှာတော့မင်းကိုချစ်လိုက်ရတာ အရူးလိုပဲ"

"ရှောင်းက ကျွန်တော့်ကိုမယုံလို့လေ ... ရှောင်းကရော ယုံခဲ့လား ... ကျွန်တော့်ကိုသာ အဲ့နေ့က ယုံကြည်ပေးခဲ့ရင် အခုလိုတွေဖြစ်လာမှာ မဟုတ်ဘူး!"

      သူ့ဘက်ကလွန်သွားမှန်းသိပေမယ့် ရှောင်းက ခါးခါးသီးသီး ဖြစ်နေ၍ သူစိတ်မထိန်းနိုင်ခဲ့ ... ။ အထူးသဖြင့် သူ့ကို ရွံရှာသလိုကြည့်နေသည့် ရှောင်းရဲ့ မျက်ဝန်းတွေ ...။ ထိုမျက်ဝန်းတွေကို သူသိပ်မုန်းပါသည်။

"မင်းမမှားဘူး ... ငါမှားတာ ... မင်းကို ဘဝနဲ့ရင်းပြီးချစ်ခဲ့မိတဲ့ ငါကမှားတာ .. မင်းကတော့ ငါ့ကို လှောင်ရယ်နေမှာပဲ ... "

"မဟုတ်ဘူး ... ကျွန်တော်ကဘာလို့လှောင်ရယ်နေရမှာလဲ ... ကျွန်တော်ရှင်းပြတာကို နည်းနည်းလေးနားထောင်ပါဦးလား"

"ဘယ်လိုထပ်လိမ်ဦးမလို့လဲ ... ဘာတွေထပ်ညာဦးမလို့လဲ ... မလုံလောက်သေးဘူးလား ဝမ်ရိပေါ်ရဲ့ ..."

       ရှောင်းရဲ့ အသံက အပြင်ဘက်ထိကြားရလောက်အောင် ကျယ်နေတာကြောင့် သက်တော်စောင့် တချို့က အိမ်ထဲကို လှမ်းကြည့်လာပြီး ယွီပင်းကောကတော့ အခန်းထောင့်ကနေ သူ့တို့အခြေအနေကို ရပ်ကြည့်နေလေ၏။

"တော်ပါတော့ ဝမ်ရိပေါ်ရယ် ... ဒီမှာအဆုံးသတ်လိုက်ရအောင်"

"ဘာလို့အဆုံးသတ်ရမှာလဲ ! ကျွန်တော်ပြောတာ နားထောင်ဦးလို့!!"

"မင်းကဘာမှန်တာ ရှိလို့ ငါ့ကိုလာအော်နေတာလဲ!"

"ခွမ်း!"

     ဒေါသတကြီးအော်ဟစ်ရင်း တံခါးဝနားက အလှပန်းအိုးကို လက်သီးနဲ့ ထိုးချလိုက်သည့် ရှောင်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ ရှောင်းလက်မှ တတောက်တောက်စီးကျလာသော သွေးတွေကလည်းမြင်မကောင်းအောင်ပင်။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Tahanan ng mga kuwento. Tumuklas ngayon