How To Get A Boyfriend (Warning⚠️)

3.6K 191 25
                                    

၁။.လဲနေသူထူပေးပါ။

  ရီရှင်းပြန်ရောက်နေပြီဆိုတဲ့ သတင်းကြားတာကြောင့် ရှောင်းကျန့်အလုပ်တွေအမြန်လက်စသတ်ကာ ရီလုံကိုဖုန်းဆက်ရသည်။
အထက်တန်းကျောင်းပြီးကတည်းက အဖိုးအဖွားတွေရှိတဲ့ New Yorkမှာ နိုင်ငံတကာဆက်ဆံရေး ပညာကို ရီရှင်းကသွားသင်ယူခဲ့၍ သူတို့မတွေ့ရတာ ဆယ်နှစ်နီးပါးပင်။

"ဖေဖေ့Hotelပဲလာမလားရီလုံ ... ရီရှင်းကို အဲ့မှာပဲချိန်းလိုက်မယ်လေ"

"မင်းသဘောလေ ရှောင်းကျန့် ... ငါအလုပ်ပြီးတာနဲ့ ဝင်လာခဲ့မယ်"

"ဒါဆို ငါရီရှင်းကိုပြောထားလိုက်မယ်"

       ရီလုံဘက်က ဖုန်းချသွားတာနဲ့ သူကြည့်နေတဲ့ စာရွက်စာတမ်းတွေကို ဖိုင်တွဲထဲ ညှပ်ထည့်လိုက်သည်။
လာမည့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အခုတလော သူအများကြီးကြိုးစားနေရ၏။

"အကိုရှောင်းပြန်တော့မလား"

"အင်း ဒါလေးပြီးရင်ပြန်မှာ ယွီပင်း ... ငါ့ကိုဖေဖေ့ဟိုတယ်မှာ ညစာစားဖို့ ပြောပေးထားဦး"

"သူငယ်ချင်းတွေနဲ့တွေ့ဖို့လား ... မိန်းကလေးလား ... ယောက်ျားလေးလား ... အကိုရှောင်း လူပျိုဘဝက ကျွတ်တော့မှာလား "

"ပေါက်ကရတွေပြောပြန်ပြီ ... ငါ့မှာအလုပ်တွေများလို့မအားရတဲ့ကြားထဲ ... ရည်းစားထားဖို့မတွေးနိုင်ဘူး"

         သူ ပြုံးရင်းပြောနေသော်လည်း ရင်ထဲ အနည်းငယ်တော့ နာကျင်နေသည်။
၂၈နှစ်ရှိနေတာတောင် ရည်းစားမရဘူးဆိုတာ ဖြစ်သင့်ပါရဲ့လား။
တကယ်ဆို သူ့ကို ကြိုက်မည့်သူမရှိတာလည်းမဟုတ်။ သူ့ အရှိန်အဝါကြောင့် လာမကြိုက်ရဲကြတာပင်ဖြစ်လိမ့်မည်။
ဖေဖေက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တဲ့အပြင် သူကပါ သမ္မတနေရာအတွက် နံပါတ် ၁ပေးခြင်းခံထားရသူဖြစ်၍ တော်ရုံလူဘယ်သူ့မှမကပ်ရဲ။
သူကိုယ်တိုင်ကလည်း ရည်းစားလိုချင်ပေမယ့် ရည်းစားမထားချင်ပါ။

"ရှောင်းကျန့် ... "

      သူ MacBook ကို ပိတ်ချလိုက်တဲ့အချိန် အခန်းထဲဝင်လာတဲ့ ရီလုံကြောင့် သူလှမ်းပြုံးပြလိုက်၏။ ရီလုံက သူတို့လေးယောက်အဖွဲ့ထဲ ကောင်မလေးရှိသည့် တစ်ဦးတည်းသော သူပင်။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now