အပိုင်း (၃)

7.2K 556 128
                                    

Unicode

     ရိပေါ်ကျောင်းဝန်းထဲဝင်လိုက်တာနဲ့ စီနီယာစုန့်ကျိရန်က ပုခုံးကိုလာဖက်သည်။ ချောင်းချောင်းက ဒီနေ့ခွင့်ယူထားတာကြောင့် သူတို့အဖွဲ့မှာတော့ သူနဲ့ ဖန်ရှင်း နှစ်ယောက်တည်း...။
       သူတို့ဘေးကနေ ဖြတ်သွားသည့်ပါချုပ်က ဒီနေ့တော့ ကားကို ကျောင်းပြင်မှာရပ်ခဲ့သည့်ပုံ...။ လမ်းလျှောက်ရင်း ရိပေါ်တို့ဘက်ကို လှည့်ကြည့်လာတော့ နှာခေါင်းရှုံ့ပြရင်း မျက်စောင်းထိုးလိုက်၏။ သူ့ကြောင့် ရိပေါ်ကို ရှောင်းအပြစ်ပေးခဲ့တာ။

"ဒီမှာ ပါမောက္ခချုပ် ဝမ်ကျိုးချန်"

"ဘာလဲ"

        သူခေါ်လိုက်တာကြောင့် ပါချုပ်ခြေလှမ်းတွေ ရပ်တန့်သွားပြီး ရိပေါ်တို့ဘက်လျှောက်လာသည်။

"ဟိုတစ်နေ့ကရှောင်းကို ဦးလေးခေါ်လိုက်တာမလား"

"ဆရာကိုလေးစားမှုရှိစမ်း ဘာဦးလေးလဲ"

"ဦးလေးအရွယ်မို့လို့ဦးလေးလို့ခေါ်တာလေ"

         သူပြောရင်း နှုတ်ခမ်းကို လျှာဖြင့်သတ်လိုက်တော့ သွေးတက်သွားပုံရသည့် ပါမောက္ခချုပ်က သူ့ဂုတ်ပိုးကို တစ်ချက်ရိုက်သည်။

"အ့ ... ဦးလေးနော် သမ္မတမကြောက်ဘာမကြောက်နဲ့ ထောင်ကျချင်တာလား "

      ကျိရန်ကတော့ ဘာမှဝင်မပြောဘဲ သစ်ပင်တစ်ပင်ကို မှီပြီးလက်ပိုက်ကြည့်နေ၏။

"ဆရာလို့ခေါ်"

"မခေါ်ပါဘူး ဦးလေးတောင် ကျွန်တော့်ကို သမ္မကြီးရဲ့အသည်းနှလုံးလို့ခေါ်လို့လား"

"ဆရာကိုလေးစားရမယ်ဆိုတာ မင်းသမ္မတကြီးက မသင်ပေးထားဘူးလား"

"ဦးလေးက ရှောင်းကိုထိတယ်ပေါ့ ဝမ်ရိပေါ်ကိုစမ်းချင်တာလား တစ်ပွဲလောက်ချမလား"

        ပါမောက္ခချုပ်က ဘာမှပြန်မပြောဘဲ မျက်ဖြူစိုက်သည့်ပုံစံလုပ်ပြပြီး ထွက်သွားသည်။ ဒါသူ့ကို သက်သက်မခန့်တာ။

"ဦးလေး မသွားနဲ့ဦး"

"ထပ်အရိုက်မခံချင်ရင် အခန်းထဲဝင်"

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now