အထက်တန်းကျောင်းကအတန်းတင်ရလဒ်ကိုကြိုတင်ထုတ်ပြန်လိမ့်မည်ဟုအကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ ကျောင်းရီက သူ့အမေကို ရှင်းပြခဲ့ပြီး Bus ကားနဲ့ရလဒ်ကို ကြည့်ဖို့ကျောင်းကို ထွက်လာခဲ့တယ်။
"အတန်း ၇ ?" ရလဒ်ကိုကြည့်လိုက်ပြီး ကျောင်းရီ တော်တော်ကိုအံ့သြသွားခဲ့တယ်။ အတန်း ၇ ကအဆင့်မြင့်အတန်းဖြစ်ပြီး သူကအတန်း ၇ ကို ဘယ်လိုရောက်သွားရတာလဲ?
"ငါနောက်ဆုံးတော့ မင်းကိုတွေ့ပြီ!"
ရင်းနှီးသောအသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်။
"မင်းကအတန်း ၇ မှာဘဲ!!"
ကျောင်းရီ ကခေါင်းကိုလှည့်လိုက်ကာ
"ကျီ! ရှုချန်!"ဖန်ရှုချန်နဲ့ ဝေ့ကျီ တို့ကသူ့ဘက်ကိုလျှောက်လာတယ်။ ဝေ့ကျီက ဖန်ရှုချန်ရဲ့ပခုံးပေါ်မှာကို သူ့တကိုယ်လုံးကို မှီတင်ထားတယ်။ ထိုဟန်ပန်ကိုမြင်လိုက်ရတဲ့ ကျောင်းရီက ခွေးကြီးတစ်ကောင်ကိုတောင် မြင်ယောင်သွားလေတယ်။
ဖန်ရှုချန်က အလွန်ကိုပျော်ရွှင်သွားတယ်။
"ကျောင်းရီ! ငါလည်းမင်းနာမည်ကိုတွေ့တယ်။ ငါတို့အတန်းအတူတူပဲ။"ဝေ့ကျီက မကျေမနပ်နဲ့အေးစက်စွာပြောလိုက်တယ်။ " မင်းကပြုံးရဲသေးတယ်? သူနဲ့အတန်းတူတူတက်တာ မင်းကိုပျော်ရွှင်စေတယ်လား?"
ဖန်ရှုချန်: "ဘာပဲဖြစ်ဖြစ်အတန်း ၇ ပြီးရင် အတန်း ၆ပဲလေ။ မင်းဘာလို့အဲ့လောက်စိတ်ဆိုးနေတာလဲ။ "
ကျောင်းရီခဏစဉ်းစားလိုက်တယ် " အထပ်တစ်ခုချင်းစီမှာစာသင်ခန်း ၃ ခန်းစီရှိတယ်။"
ပထမထပ်က ရုပ်သံသင်ကြားပို့ချတဲ့စာသင်ခန်းဖြစ်တယ်၊ အတန်း ၁၊ ၂ နဲ့ ၃ ကဒုတိယထပ်၊ တတိယထပ်မှာ အတန်း ၄၊ ၅ နှင့် ၆၊ ဒါ့ကြောင့်အတန်း ၇ သည်စတုတ္ထထပ်တွင်ဖြစ်သည်။
ဆိုလိုသည်မှာအတန်း ၆ နဲ့ အတန်း ၇ ကြားအကွာအဝေးက ကြမ်းပြင်အပြည့်ကြီးပဲဖြစ်တယ်။
ဝေ့ကျီရဲ့မျက်နှာအမူအရာက မကောင်းတော့ပေ။ ဒါကိုနားလည်တဲ့ ဖန်ရှုချန်က သူ့အပြုံးကို ရပ်တန့်လိုက်တယ်။ ကျောင်းရီက မရည်ရွယ်ဘဲ ဓားကိုသူ့ဘက်လှည့်လိုက်မိတယ်။ "အတန်း ၆ နဲ့ ၇ ကဆန့်ကျင်ဘက်ထောင့်အစွန်မှာရှိပြီး အတော်လေးကိုဝေးတယ်လေ"
YOU ARE READING
ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅
RomanceAuthor - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all Author and Translator.