Chapter - 10 [Uni]

1.5K 249 2
                                    

နောက်ဆုံးတွင် Zhuang Yi ကဒီကိစ္စနဲ့ပတ်သက်၍ အမှန်တကယ်ဘာမှမလုပ်နိုင်ခဲ့ပေ။
လူအုပ်အလယ်ကထင်ရှားစွာနာကျင်နေတဲ့လက်မလေးကဲ့သို့ Zhuang Yi က Xie Jun သူ့ကိုလာကူညီစေရန်သူ့မျက်လုံးနဲ့အရိပ်အမြွတ်တွေပြကာအစွမ်းကုန်ကြိုးစားခဲ့တယ်။ သို့သော်လည်း Xie Jun ကသူ့အရိပ်အမြွက်ကိုနားမလည်နိုင်ဟန်ဖြင့်သူ့ကိုလာမကယ်ခဲ့ချေ။

Zhuang Yi: "ငါကမိန်းကလေးမဟုတ်ဘူးလေ။ ငါဘယ်လိုလုပ်ရေသူမဖြစ်နိုင်မှာလဲ? "

အတန်းပန်းလေး "ဒါပေမယ့်နင်ကမိန်းမတပိုင်းငါးတပိုင်းပြဇာတ်ကဖို့လိုအပ်ချက်တွေနဲ့ကိုက်ညီတယ်လေ။ "

Zhuang Yi: " ဘာလိုအပ်ချက်လဲ? "

အတန်းပန်းလေး "အလှလေးလေ Ah ~"

“ … .. ” Zhuang Yi ကသူမအား“ ငါတကယ်ဒေါသထွက်တော့မယ်!”

အတန်းပန်းကသူ့ကိုတည်ငြိမ်စွာဆွဲဆောင်ခဲ့တယ် -“  နင်မှတ်မိလား The Little Mermaid ထဲကဇာတ်လိုက်မင်းသမီးလေးရဲ့အစ်မတွေရဲ့ဆံပင်ကစုန်းမကြီးရဲ့ကတ်ကြေးတွေကြောင့်ပြောင်းသွားတဲ့ဇာတ်ကွက်လေ။ ငါတို့အတန်းထဲကကောင်မလေးတွေအားလုံးဆံပင်ရှည်ထားကြတယ်။ နင်ကသူတို့ပြဇာတ်အတွက်သူတို့ဆံပင်ကိုဖြတ်စေချင်တာလား။ ”

Zhuang Yi သည်အစပိုင်းမှာတော့တကယ်ဒေါသထွက်ခဲ့တယ်။ သူကစကတ်မဝတ်ချင်ဘူး! ဒါပေမယ့်အတန်းပန်းရဲ့စကားတွေကဒီလောက်ကျိုးကြောင်းဆီလျော်လိမ့်မယ်လို့သူမမျှော်လင့်ခဲ့ဘူး။ သူသိလိုက်ရတဲ့အခါမှာတော့ သူကမိန်းကလေးတွေကိုသူတို့ရဲ့ဆံပင်ကိုတကယ်ဖြတ်ခွင့်ပေးမှာတဲ့လား။ မင်းသမီးလေး၏အစ်မကြီးများကယောက်ျားလေးများသာကနိုင်လိမ့်မယ်။

Zhuang Yi ကမင်းသမီးလေးမှာအစ်မတွေအများကြီးရှိတယ်ဆိုတာပြန်တွေးလိုက်တယ်။ သူနဲ့ကံကြမ္မာတူမယ့်အခြားယောက်ျားလေးတွေရှိမှာသေချာတယ်။

ထိုနေ့ညနေအတန်းများပြီးဆုံးသောအခါလက်ထောက်မော်နီတာနှင့်အခြားဇာတ်ညွှန်းရေးဆရာမိန်းကလေးကပြဇာတ်ရေးရန်ကျောင်း၌နေခဲ့ကြတယ်။ သူတို့ရဲ့လက်နှစ်ဘက်စွမ်းဆောင်ရည်ကအလွန်မြင့်မားခဲ့တယ်ညနေပိုင်းမှာသူတို့ကဇာတ်လမ်းရဲ့ကောက်ကြောင်းကိုပြီးအောင်လုပ်ပြီးအစ/နိဒါန်းကိုဆက်ရေးခဲ့တယ်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Tempat cerita menjadi hidup. Temukan sekarang