Chapter - 23 [Uni]

1.3K 221 10
                                    

Xie Jun က ဗိုလ်ချုပ် Xie ရဲ့အမူအရာအားကြည့်ကာတည်ငြိမ်စွာပြောလိုက်တယ်။ " ဒါကအဖေအတွေးလွန်နေတာပါ။ "

ဗိုလ်ချုပ် Xie ကသူနှင့် Zhuang Yi တို့ဝတ်ဆင်ထားတဲ့အမျိုးအစားတူညီတဲ့ဝတ်ရုံအားကြည့်ကာ "ငါလည်းအက်လိုပဲလို့မျှော်လင့်ပါတယ်"

Xie Jun: "သူဒီနေ့ ၃ ကီလိုမီတာပြေးခဲ့ရတယ်။ ကျွန်တော်ကသူ့ကြွက်သားတွေကိုနှိပ်နယ်ပေးခဲ့တာ။ "

ဗိုလ်ချုပ် Xie: "နောက်တော့ ရေချိုးကြတယ်? "

Xie Jun: "..."

ဗိုလ်ချုပ် Xie က Zhuang Yi ဘက်ကိုလှည့်ကာမေးလိုက်တယ်။ "မင်းမိဘရဲ့နံပါတ်ကဘာလဲ"

Zhuang Yi အနည်းငယ်ရှုပ်ထွေးသွားတယ်။ သူသူ့မိဘတွေကိုဘာလို့ခေါ်ရမှန်းဆိုတာသူမသိပေ။ သူက Xie Jun ကိုမသိမသာလှမ်းကြည့်လိုက်တယ်။

ဗိုလ်ချုပ် Xie ကပို၍ပင်မျက်မှောင်ကြုတ်လိုက်ကာ "ဘာဖြစ်လို့လဲ၊ သူကမင်းကိုခြိမ်းခြောက်နေတာလား? "

Zhuang Yi ကလန့်သွားပြီး " မဟုတ်ပါဘူးမဟုတ်ပါဘူး၊ ကျွန်တော်ဆန္ဒရှိပါတယ်" ဟုအလျင်အမြန်ငြင်းလိုက်ရတယ်။

Xie Jun: "..."

သူကသူ့အဖေကိုမသိမသာကြည့်တော့သူ့အဖေရဲ့မျက်လုံးတွေကပိုအေးစက်လာတယ်လို့ခံစားလိုက်ရတယ်။ သူကသူ့စိတ်ထဲတွင်သက်ပြင်းချလိုက်တယ်။ Zhuang Yi ကဤကဲ့သို့ပြောခဲ့ပြီးကတည်းကသူဘယ်လိုပဲသူတို့ဆက်ဆံရေးကတဏှာကင်းစင်ပြီးစင်ကြယ်ကြောင်းရှင်းပြ‌ပါစေသူ့အဖေကယုံကြည်တော့မှာမဟုတ်ပေ။

"Yiyi ကျေးဇူးပြုပြီးအန်တီကိုခေါ်လိုက်ပါ။ " Xie Jun က Zhuang Yi ရဲ့ဆံပင်ကိုပွတ်သပ်ရင်းကျေနပ်သွားတယ်။ သူကသူ့အမေကိုဖုန်းခေါ်ခွင့်ပြုရန် ဗိုလ်ချုပ် Xie ကိုအကြောင်းကြားဖို့လှည့်ခဲ့တယ်။ "အန်တီဒီကိုရောက်လာတဲ့အထိစောင့်ပါကျွန်တော်တို့နာနာခံခံနဲ့ဝန်ခံပါ့မယ်။ "

ဗိုလ်ချုပ် Xie ကအေးစက်စွာညည်းတွားရင်း "ကောင်းပြီ"

သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်တိတ်ဆိတ်စွာကြည့်နေခဲ့ကြတယ်။ ထိုကိစ္စကိုရှင်းပြီးတဲ့နောက် Xie Jun ကမျက်စိလွှဲက။ဖုန်းခေါ်နေတဲ့ Zhuang Yi ကိုရှာဖို့အပြင်ကိုထွက်သွားခဲ့တယ်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Donde viven las historias. Descúbrelo ahora