Chapter - 6 [Uni]

3.1K 396 6
                                    

Zhuangyi က ၂၁၁ ရဲ့အဓိပ္ပါယ်ကိုမှန်းဆမနေတော့ဘဲ သူ့နာမည်ပြောင်ကို ၉၈၅ သို့ပြောင်းလိုက်တယ်။ "ဒီနည်းနဲ့ငါမင်းကိုနှိပ်ကွပ်နိုင်လိမ့်မယ်ဟားဟား"

(ETN - စီမံကိန်း ၂၁၁ နှင့် ၉၈၅ တို့ကတရုတ်အစိုးရမှကမ္ဘာ့အဆင့်သို့မြှင့်တင်ရန်တရုတ်အစိုးရမှစီမံကိန်းများဖြစ်သည်)

Xie Jun: “…”

Xie Jun ကဒီ ၂၁၁ခေါင်းစဉ်အကြောင်းထပ်မဆွေးနွေးချင်တော့ပေ။

Xie Jun: "မနက်ဖြန်ကျောင်းမှာကိုယ်မင်းကိုစောင့်နေမယ်၊ ဘယ်သူကဘယ်သူကိုနှိမ့်ချခံရမလဲ၊ ဘယ်သူ့ကဘယ်သယ့အောက်မှာထိန်းချုပ်ခံရမလဲကိုယ်တို့တွေ့ရလိမ့်မယ်"

Zhuangyi: "ဘတ်စကတ်ဘောလား? ကောင်းလိုက်တာ! ငါလက်ခံတယ်!"

Xie Jun: "ဘတ်စကတ်ဘောအသင်းလည်းပါလိမ့်မယ်၊ မင်းအဆင်ပြေလား? "

Zhuangyi: "ကောင်းပြီ၊ အိုကေတယ်!ဒါနဲ့ စကားမစပ်အတန်းပိုင်ဆရာမကမင်းကိုဒီနေ့ဘာဖြစ်လို့ခေါ်တာလဲ။ ”

Xie Jun -“ အဲ့ဒါကဘတ်စကတ်ဘောအသင်းအကြောင်းပါ။ အောက်တိုဘာလမှာအထက်တန်းဘက်စ်ကပ်ဘောအဖွဲ့ချုပ်ကဒီမြို့မှာရှိလိမ့်မယ်။ ကိုယ်ကကပ္ပတိန်ဆိုတော့အတန်းပိုင်ဆရာမကကိုယ့်ကိုဘတ်စကတ်ဘောအသင်းကနုတ်ထွက်ချင်လားလို့မေးတာပါ။ "

Zhuangyi ခဏရပ်သွားပြီးသူ့စာရိုက်တာနှေးသွားခဲ့တယ်။ "မင်းဘာလို့နှုတ်ထွက်ချင်ရတာလဲ?"

"ကိုယ့်ရဲ့စာလေ့လာမှာကိုလွှမ်းမိုးလို့ " Xie Jun ကပြောလိုက်တယ်။“ ကိုယ်တို့ရဲ့ဒုတိယစီနီယာနှစ်အတွက်ကိုယ်တို့လေ့လာမှုတွေကိုပိုအာရုံစိုက်ရမယ်လို့အတန်းပိုင်ဆရာမကပြောတယ်”

Zhuangyi ရဲ့နှလုံးသားကနာကျင်လာတယ်။ "အဲဒီ့တော့မင်းဘာပြန်ပြောခဲ့လဲ"

"ပွဲပြီးရင်ကိုယ်မင်းကိုပြောပြမယ်"

Xie Jun ကထိုပွဲစဉ်အပြီးတွင်နှုတ်ထွက်ရန်အမှန်တကယ်ဆုံးဖြတ်ထားပြီးဖြစ်သည်။

Zhuangyi က Xie Jun ရဲ့ရည်ရွယ်ချက်ကိုမြင်နိုင်ပြီးအနည်းငယ်ဆုံးရှုံးသွားသလိုခံစားလိုက်ရတယ်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now