Chapter - 2 [Uni]

5.4K 698 11
                                    

ကျောင်းရီက သူလည်းလိုက်ချင်ပြီး အတူတူသွားချင်တယ်လို့ပြောတာကို ဝေ့ကျီကကြားလိုက်တဲ့အခါ ခေါင်းခါပြီးပြောလိုက်တယ်။ "အဲ့ဒါကမလုပ်သင့်တဲ့အရာဘဲ။ ဘယ်သူကမှအတွဲကြားမှာ အပိုမီးသီးဖြစ်နေရတာကို မကြိုက်ကြဘူးလေ။"

ကျောင်းရီက ဆွံ့အသွားတယ်။

"****"

ထို့နောက်သူက" မင်းတို့နှစ်ယောက် ဆယ်နှစ်ကျော်လောက်တွဲလာတာ တစ်ယောက်နဲ့တစ်ယောက်မငြီးငွေ့ကြဘူးလား"

" မင်းနောက်မှနားလည်လာလိမ့်မယ်" လို့ဝေ့ကျီက လေးနက်စွာပြောလိုက်တယ်။

ကျောင်းရီ ကနားမလည်ဆဲပင်၊ " ငါ့မှာငယ်သူငယ်ချင်းမရှိဘူး" တဲ့။ သူက ငယ်စဉ်ကတည်းကခင်မင်ရင်းနှီးခြင်းရဲ့ခက်ခဲနက်နဲမှုကိုနားမလည်နိုင်ပေ။

ဝေ့ကျီက ပြုံးရုံသာပြုံးပြီး တိတ်တိတ်ပဲနေလိုက်တယ်။

စားပြီးတဲ့နောက်မှာတော့ အိမ်ပြန်ချိန်ကို ရောက်လာခဲ့တယ် မနက်ဖန်ကျရင်တော့ ကျောင်းစတက်ရတော့မည်။ ဝေ့ကျီ နဲ့ ဖန်းရှုချန် တို့ရဲ့အိမ်တွေက အဝေးကြီးမဟုတ်ပေ ဒါ့ကြောင့်သူတို့က လမ်းလျှောက်ပြီးအိမ်ပြန်နိုင်တယ်။ သို့သော်လည်း သူတို့ကအဆုံးထိတော့ မလျှောက်နိုင်ပေ။ ဝေ့ကျီကတစ်ခုခုပြောလိုက်တာကြောင့် ဖန်းရှုချန်က သူ့ကိုရိုက်လိုက်တယ် အဲ့ဒီနောက်မှာတော့ ဝေ့ကျီက ဖန်းရှုချန်ကို လှမ်းဆွဲလိုက်ပြီး ပျောက်သွားတော့တယ်။

ကျောင်းရီက ဖန်းရှုချန်ရဲ့ အထိတ်တလန့် အော်သံကိုအဝေးကတောင် ကြားနိုင်တယ်။

ရှဲ့ကျွင်း " မင်းအိမ်ကို ဘယ်လိုပြန်လဲ "

ကျောင်းရီ ကသူ့အတွေးတွေကို ပြန်ခေါ်လိုက်တယ်။
"ငါလား? ငါကဘစ်ကားစီးပြန်တယ်"

ရှဲ့ကျွင်း "ဒါဆိုကိုယ်တို့အတူတူသွားကြမယ်"

"မင်းအိမ်က ဒီနားမှာမဟုတ်ဘူးလား " ကျောင်းရီက‌ မေးလိုက်တယ်။ "မင်းဘယ်လမ်းကြောင်းကသွားတာလဲ"

ရှဲ့ကျွင်း "မင်းလုပ်ထားတဲ့လမ်းကြောင်းအတိုင်းကိုယ်သွားမယ်လေ"

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now