သူတစ်ခါမျှတောင်မနမ်းဖူးခဲ့ဘူး အတင်းအကျပ်အနမ်းပေးခံလိုက်ရတဲ့ရလဒ်အနေနဲ့မကြာခင်မှာဘဲ Zhuang Yi တစ်ယောက်အသက်ရှုကျပ်လာတော့တယ်။
မင်းကပုံမှန်အချိန်မှာပါးစပ်ပိတ်ထားလည်းအသက်ရှုနိုင်ပေမယ့်လို့အခုအခါပါးစပ်ပိတ်ခံလိုက်ရပြီးနောက်သူ့နှာခေါင်းကအလုပ်ဆက်မလုပ်နိုင်တော့တာကိုသူနားမလည်နိုင်ခဲ့ပေ။
Zhuang Yi က Xie Jun ကိုသူတောင်မသိလိုက်ပဲပွေ့ဖက်လိုက်မိပြီးရေငုပ်ပြီးလေကိုလိုအပ်လာသမျိုးသူကတခြားသူရဲ့ပါးစပ်ကနေအောက်ဆီဂျင်ကိုရှုသွင်းလိုက်မိတယ်။
Xie Jun ရဲ့နဖူးပေါ်ကသွေးကြောတွေကပြင်းပြင်းထန်ထန်တုန်ခါသွားပြီးသူ့တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့တယ်။ Zhuang Yi ကသတိလက်လွတ်နဲ့သူ့နှုတ်ခမ်းတွေပေါ်ပွတ်သပ်ကာလေကိုရှုသွင်းနေတဲပါဘဲ။ Xie Jun ရဲ့သည်းခံနိုင်စွမ်းကဂိတ်ဆုံးကိုရောက်သွားခဲ့ပြီးသူ့ရင်ခွင်ထဲသို့ Zhuang Yi ဆွေ့ကနဲမြောက်တက်သွားအောင်ချီမလိုက်တယ်။ ထိုရုတ်တရပ်လုပ်ဆောင်မှုကြောင့် Zhuang Yi ကလန့်ဖြတ်သွားကာသူ့ခြေထောက်တွေကတခြားသူထံခွဖက်လိုက်မိသွားတော့တယ်။
ဒီအခါမှာတော့သူ့ကျောနောက်ကနံရံကြီးအကူအညီယူစရာမလိုတော့ဘဲသူ့တစ်ကိုယ်လုံးက Xie Jun ပေါ်ရောက်သွားလေတယ်။
" ခဏလေး " Zhuang Yi ကXie Jun ရဲ့ပါးစပ်ကိုအမြန်အုပ်လိုက်ကာသူတို့ရဲပူပြင်းတဲ့အနမ်းကိုခွာလိုက်ပြီးနမ်းခြင်းကိုတားမြစ်လိုက်တယ်။ " စောင့်ကြည့်နေတဲ့မော်နီတာတွေကိုသတိထားဦး " သူကအမောဆို့နေတဲ့ကြားကပြောလိုက်တယ်။ " ငါတို့သာမိသွားရင်တော့သွားပြီဘဲ "
Xie Jun ကမော့ကြည့်လိုက်တယ်။ သေချာတာပေါ့သူထောင့်နားမှာအေးခဲတောင့်တင်းနေတဲ့စောင့်ကြည့်ရေးမော်နီတာကိုသူမြင်ခဲ့တာပေါ့။
" ကိုယ်တို့ကိုမိသွားဖို့မဖြစ်သင့်ဘူးလား " Xie Jun ကခေါင်းငုံ့ကာ Zhuang Yi ထံနှစ်သိမ့်အနမ်းလေးပေး...
Zhuang Yi ကအခွင့်အလမ်းရှာကာသူ့ကိုတွန်းထုတ်ပြီးထွက်ပြေးဖို့လုပ်ခဲ့တယ်။
Xie Jun ကသူ့ခါးကိုဖမ်းကိုင်လိုက်ပြီးနားနားကပ်ကာပြောလိုက်တယ်။ " ကိုယ်နဲ့ထပ်ကစားဦးမလို့လား? ကိုယ့်ကိုခြောက်သွေ့သွားအောင်စုပ်ယူပြီးသွားတော့ကးမှမင်းကထွက်ပြေးမယ်ပေါ့? "
YOU ARE READING
ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅
RomanceAuthor - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all Author and Translator.