Chapter - 13 [Uni]

1.3K 217 13
                                    

Zhuang Yi ကဒီရှက်စရာစာသားတွေကြောင့်ထပ်အသက်မရှင်ချင်တော့သော်လည်းဒါကသူမှားတာကြောင့်ဘဲဖြစ်တယ်။ သူကဘာမှများများစားစားမပြောဘဲရိုးရိုးသားသားအပြစ်ဒဏ်ကိုလက်ခံခဲ့တယ်။

ဒါပေမယ့်သူဒူးထောက်မဲ့အချိန် Xie Jun ကသူ့လက်မောင်ကိုကိုင်ကာဆွဲထူခဲ့တယ်။ Xie Jun ကပြတ်ပြတ်သားသားပြောလိုက်တယ်။ " ငါ့မင်းသမီးကဘယ်သူ့အတွက်မှဒူးမထောက်ဘူး။ သူဒူးမထောက်ဘူး။ "

Xie Jun ရဲ့မျက်နှာကထင်ရှားတဲ့ကောက်ကြောင်းတွေကြောင့်သူ့ကစိတ်အားထက်သန်တဲ့အခါသူ့အသွင်အပြင်ကလည်းအတော်လေးခက်ထန်ပုံပေါ်တယ်။

rehearsal အခန်းကတိတ်ဆိတ်သွားခဲ့တယ်။

Zhuang Yi ကအမြန်ဝင်ပြောလိုက်တယ်။ " ကြီးမြတ်သူ Xie ကတကယ်သူ့ role မှာဘဲ။ ခုနဏကသူအာဏာရှင်ဥဣဌတစ်ယောက်နဲ့မတူဘူးလား။ သူကမင်းတို့ကိုနောက်နေတာပါ။ " သူက Xie Jun ကိုတံတောင်ဆစ်နဲ့ထိုးလိုက်ပြီးပြောလိုက်တယ်။ " ဟုတ်တယ်မဟုတ်လား။ "

Xie Jun ကသူနဲ့ပူးပေါင်းခဲ့ပြီးပြုံးပြခဲ့တယ်။

လေထုကပိုတောင်အေးလာခဲ့ ←_←

Xie Jun: “…..”

တခဏမျှတိတ်ဆိတ်သွားပြီးနောက်တစ်စုံတစ်ယောက်ကရုတ်တရက်ဘာမျှမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်ဖို့အကြံရသွားခဲ့တယ်။ သူကခေါင်းကိုကုတ်ကာစိတ်လှုပ်ရှားစွာပြောခဲ့တယ်။ " ငါတို့ဒုတိယပြကွက်ကိုပဲလုပ်ကြမလား? ပြကွက်အတွက်အရာအားလုံးကအဆင်သင့်ဖြစ်နေပြီလေ! "

ဒုတိယပြကွက်ကရေသူမမင်းသမီးရဲ့ညီမမွေးဖွားခဲ့ပြီးနန်းတော်ကတော်ဝင်ကပွဲကျင်းပတာဘဲဖြစ်တယ်။ ဒ့ါကြောင့်ပြကွက်နေရာမြင်ကွင်းကအရောင်စုံပလတ်စတစ်စက္ကူပြားတွေနဲ့လုပ်ထားတဲ့အစားအသောက်တွေရှိလေတယ်။ ဒါကခုံတန်းရှည်ပေါ်တွင်စီစဉ်ထားခဲ့ပြီးစားပွဲရှည်ကြီးကတော့ကပွဲအဖြစ်သတ်မှတ်ခံခဲ့ရတယ်။

ထို့နောက်သူတို့အကကိုပြန်လည်လေ့ကျင့်ရန်စတင်ခဲ့ကြတယ်။ ကောင်းကင်ကြီးမဲမှောင်မဲသည်အထိကြာသွားခဲ့ပြီးအတန်းမော်နီတာကနောက်ကျနေပြီဖြစ်ကြောင်းနဲ့သူတို့အကုန်လုံးအိမ်ပြန်သင့်ပြီဖြစ်ကြောင်းပြောခဲ့တယ်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ