Chapter - 9 [Uni]

1.6K 273 6
                                    

လှပစွာအလှဆင်ထားသောတေးဂီတခန်းမအသစ်တွင်အတန်း ၆ ကကျောင်းသားများက =.= ဤကဲ့သို့သောမျက်နှာသေများဖြင့်နိုင်ငံတော်သီချင်းကိုလေးနက်စွာသီဆိုခဲ့ကြတယ်။

ထိုင်မရထမရ မနေနိုင်သည့်ကျောင်းသားတစ်ဦးကရိုသေသောအကြည့်ဖြင့်မတ်တပ်ရပ်လိုက်သည်။←_←

အတန်းသားတွေမြင်တဲ့အခါသူတို့ကတစ်ယောက်ပြီးတစ်ယောက်မတ်တတ်ထလာကြတယ်။

ဒါဟာသူတို့ကိုငယ်စဉ်ကတည်းကလေ့ကျင့်ပေးခဲ့တဲ့အလေ့အကျင့်တစ်ခုပါဘဲ။ နိုင်ငံတော်သီချင်းကိုဖွင့်နေစဉ်မတ်တပ်ရပ်မနေခြင်းကအမိမြေကြီးကိုအလွန်မထီမဲ့မြင်ပြုတာပါဘဲ။

နိုင်ငံတော်သီချင်းတီးမှုတ်တဲ့အခါလူတိုင်းစိတ်သက်သာရာရသွားခဲ့ကြတယ်။ သူတို့ကထိုင်လိုက်ပြီးခဏတာမျှတိတ်တဆိတ်နေခဲ့ကြပြီးမှစုပေါင်းအားဖြင့်ရယ်မောသံများပေါက်ကွဲထွက်လာခဲ့တယ်။

Zhuang Yi က Xie Jun ကိုစင်မြင့်ပေါ်မှအမြန်ဆွဲထုတ်လိုက်ရတယ်။ ထိုနေ့နောက်ပိုင်း Zhuang Yi အပေါ်လူတိုင်း၏အထင်အမြင်ကပိုမိုရှုပ်ထွေးလာပါတော့တယ်။

တနင်္လာနေ့တိုင်းအမျိုးသားအလံကိုမြှင့်ရန်အချိန်ရောက်သောအခါ ဒုတိယနှစ်အတန်း ၆ ကအတန်းသားများက Zhuang Yi အားခဏလောက်တိတ်ဆိတ်စွာစုပေါင်းပြီးကြည့်ကြလိမ့်မည်ဖြစ်တယ်။

လူတိုင်းရဲ့အာရုံစိုက်မှုကိုရဲဝံ့စွာခံနိုင်ရည်ရှိသည့် Zhuang Yi : T^T

တစ်ခါကဌာနမှူးကမြင်သွားခဲ့ပြီးသိချင်သွားခဲ့‌သေးတယ်။ဒီအတန်းကအမျိုးသားသီချင်းမဆိုခင်ဘာ့ကြောင့်ဒီအတန်းကဒီကျောင်းသားကိုကြည့်နေရတာလဲ?

ပထမအတန်း၌ရပ်နေသောကျောင်းသားအားဌာနမှူးကမေးခဲ့တယ်။ အတန်းဖော်က Zhuang Yi ရဲ့ဇာတ်လမ်းတိုကိုလေးလေးနက်နက်နှင့်ကြည်ညိုစွာပြောပြခဲ့တယ်။

ဌာနမှူးကဝမ်းသာလွန်းလို့မျက်ရည်ဝဲသွားခဲ့တယ်။ ဒီကျောင်း၌ဤမျှမြင့်မြတ်သောအသိဥာဏ်ရှိတဲ့ကျောင်းသားတစ်ဦးရှိလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပေ။

နောက်ပိုင်းမှာဆရာတွေတောင်မှအဖြစ်အပျက်ကိုသိသွားခဲ့ကြတယ်။ သူ့ကိုအတန်းပိုင်ကခေါ်မေးတဲ့အခါ Zhuang Yi မှာဘာပြောရမှန်းတောင်မသိခဲ့ဘူး။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Opowieści tętniące życiem. Odkryj je teraz