Chapter - 22 [Uni]

1.2K 224 3
                                    

နှစ်သစ်ကူးပြီးနောက်ရက်အနည်းငယ်တွင်ကျောင်းစတက်ရလေတယ်။ Zhuang Yi အမေက Zhuang Yi အားသူရဲ့သုက်ပိုးအလှူရှင်ကသူမအားထပ်မံလာရှာဖွေခဲ့ကြောင်းအကြောင်းကြားခဲ့တယ်။

"သူကဘာလို့ဒီလောက်ယုတ်မာနေရတာလဲ" Zhuang Yi မိခင်ရဲ့မျက်နှာကနီရဲနေခဲ့သည်။ “ သူကအမေတို့ကုမ္ပဏီအဆောက်အဦးရဲ့အောက်ထပ်ကကော်ဖီဆိုင်မှာအမေ့ကိုပိတ်ထားတယ်။ သူပြောတာကအမေကသူပြောတဲ့အတိုင်းလိုက်လျောမပေးရင်သူကမင်းရဲ့ကျောင်းကိုသွားပြီးမင်းကိုတွေ့လိမ့်မယ်လို့ပြောတယ်။ အမေကသူ့ကိုစိတ်ငြိမ်အောင်ကြိုးစားနေတဲ့အချိန်အမေ့ကိုနောက်ဆုံးအကြိမ်ကကူညီခဲ့တဲ့ကြင်နာတတ်တဲ့သူကကော်ဖီသောက်ဖို့လာရင်းအမေ့ကိုသူနှောက်ယှက်နေတာကိုမြင်သွားခဲ့တယ်လေ။ အဲ့ဒီလူဘာစကားမှထပ်မပြောဘဲသူ့ကို (ZY dad ) ကောက်မပြီးအပြင်ကိုဆွဲထုတ်သွားခဲ့တယ်။ ”

တစ်စုံတစ်ယောက်ကသူမအားကူညီခဲ့သည်ကိုကြားလိုက်ရတဲ့အခါမှဘဲ Zhuang Yi ရဲ့နှလုံးသားကသက်တောင့်သက်သာဖြစ်သွားတော့တယ်။ သူကပေါ့ပေါ့ပါးပါးပြောလိုက်တယ် -“ အမေနဲ့အဲဒီ့ဦးလေးတို့ကံကြမ္မာကတကယ့်ကိုရေစက်ရှိပုံဘဲ။ ”

"ဟုတ်တယ်၊ အမေလည်းအဲ့လိုပဲထင်တယ်" Zhuang Yi ၏အမေကသဘောတူလိုက်တယ်။ “ သူ့မိသားစုကသူတို့တက်ရောက်ဖို့လိုအပ်တဲ့ကိစ္စတချို့ရှိလို့သူကိုယ်တိုင်ကော်ဖီလာဝယ်တာလို့ပြောတယ်။  ဒီလိုမှမဟုတ်ရင်ငါတို့တကယ်တွေ့ဆုံမှာမဟုတ်ဘူး။ ”

Zhuang Yi ကထိုအကြောင်းကိုတွေးရင်း " အမေတို့နှစ်ယောက်ဒီထက်ပိုပြီးတော့ရောတွေ့ကြဦးမှာလား? "

Zhuang Yi အမေကသူ့ကိုလက်နဲ့တွန်းလိုက်တယ်။ "မင်းဘာတွေပြောနေတာလဲ"

Zhuang Yi ကရယ်လိုက်ပြီးထိုကိစ္စကိုအတည်မယူခဲ့ပေ။

အချိန်အနည်းငယ်ကြာပြီးနောက်ကျောင်း၌နွေဦးအားကစားပြိုင်ပွဲကျင်းပလေတယ်။ Zhuang Yi ကမီတာ ၄၀၀ အပြေးပြိုင်ပွဲအတွက်စာရင်းပေးသွင်းခဲ့သော်လည်းအားကစားကော်မတီကမီတာ ၃၀၀၀ အပြေးပြိုင်ပွဲတွင်မည်သူမှစာရင်းမသွင်းတာတွေ့တော့သူတို့ကသူ့အားမီတာ ၃၀၀၀ ပြေးရန်လှည့်စားခဲ့သည်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now