Chapter - 3 [Uni]

3.8K 614 21
                                    

၁၀ မိနစ်အကြာမှာတော့ ကျောင်းရီ ကသူ့အခန်းထဲကခုံပေါ်မှာထိုင်နေပြီး သူ့ရှေ့ကခုံမှာထိုင်နေတဲ့ ရှဲ့ကျွင်း ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။

ကျောင်းရီ့အမေကလတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ ဖရဲသီးဖျော်ရည်နှစ်ခွက်နှင့်အတူဝင်လာခဲ့တယ်။ "အပြင်မှာအရမ်းပူတယ်၊ မင်းတို့နှစ်ယောက်အပူထဲမှာလမ်းလျှောက်လာခဲ့ရတာရေဆာနေမှာဘဲ။ "

ကျောင်းရီ “…”

ကျောင်းရီ့အမေ “ကလေး၊ အမေအလုပ်ကိုပြန်သွားရဦးမယ်။ ဒီနေ့လယ်ကို ရှဲ့ကျွင်းကိုအဖော်ပြုပေးလိုက်နော်။ အမေညနေပြန်လာရင် စာသင်နှစ်အစအတွက် စားပွဲကြီးပြင်ပေးမယ်နော်။ "

ကျောင်းရီ ကတင်နှောင့်လိုက်တယ်။ “ အဲဒါမကောင်းဘူးအမေ ရှဲ့ကျွင်း အိမ်ပြန်နောက်ကျရင်သူ့မိသားစုကစိတ်ပူနေလိမ့်မယ် "

ကျောင်းရီ အမေက ရှဲ့ကျွင်းကိုကြည့်လိုက်တယ်။ ရှဲ့ကျွင်းကတည်ငြိမ်စွာနဲ့  "ကျွန်တော့်မိသားစုကစိတ်မပူတတ်ပါဘူး" ပြောလိုက်တယ်။

ကျောင်းရီ ရဲ့အမေကဝမ်းသာသွားပြီး "ဒါဆိုမင်းမပြန်ခင်ဒီအဒေါ်ချက်ပြုတ်တာကိုစားသွားရမယ်နော်! " ထို့နောက်သူကခေါင်းကိုလှည့်လိုက်ပြီးကျောင်းရီရဲ့ ပါးကိုနမ်းလိုက်တယ်။ " ရီရီ ကောင်းကောင်းနေနော်။ အမေအခုသွားပြီ။ "

ပြီးသွားပြီ...အဆုံးထိတောင် အမေကသူ့ကိုနမ်းသွားသေးတယ်!

ကျောင်းရီ ကသူ့မျက်နှာကိုလက်ဝါးနဲ့ရိုက်လိုက်ပြီး "ကျွန်တော်ဘယ်နှခါပြောရမလဲ! ယောက်ျားနဲ့မိန်းမတစ်ယောက်နဲ့တစ်ယောက်မတော်မရော်မထိသင့်ဘူးလေ! ”

ကျောင်းရီ့အမေက ဒေါက်ဖိနပ်သံတဂွက်ဂွက်နဲ့ပြေးလာပြီး သူမသားပြောတာကိုမကြားချင်ယောင်ဆောင်ကာ“ နောက်ကျနေပြီ! တာ့တာနော် ကလေး! "

ကျောင်းရီ “…”

ကျောင်းရီ ကတံခါးပိတ်သွားသံကိုကြားလိုက်ရပြီး သူကထကာလေထုကိုကြည့်ကာ တာ့တာလို့ပြန်နှုတ်ဆက်လိုက်ပြီး တံခါးကိုပိတ်လိုက်တယ်။

ရှဲ့ကျွင်း ကသူ့အမေသူ့ကိုနမ်းတာမြင်လိုက်တာမို့ သူကရှက်သွားတယ်၊ သူ့မျက်နှာကိုပြန်လှည့်လိုက်တော့ ရုတ်တရက်အရပ်မြင့်မြင့်နဲ့အရိပ်တစ်ခုက သူ့စီရောက်လာတာတွေ့လိုက်တယ်။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now