Chapter - 17 [Uni]

1.2K 242 16
                                    

နောက်ရက်အနည်းငယ်အတွင်းအတန်းပြီးတာနဲ့သူတို့ကရီဟာဇယ်များလုပ်ကာမဖြစ်မနေလေ့ကျင့်ရမည်ဖြစ်သော်လည်းပြဇာတ်ရဲ့တတိယမြောက်ဇာတ်ကွက်မှာရေသူမမင်းသမီးရဲ့ညီမကကြီးပြင်းလာသည့်မင်းသားနဲ့တွေ့ဆုံခဲ့တဲ့အပိုင်းဘဲဖြစ်တယ်။ ရေသူမမင်းသမီးပေါ်လာစရာမလိုပေ။

ထိုအစားငယ်ရွယ်တဲ့မင်းသမီးလေးမင်းသားအားချစ်မြတ်နိုးသွားစေရန်ဆွဲဆောင်တဲ့စုန်မရဲ့ပြကွက်သာရှိခဲ့တယ်။

Zhuang Yi ကသူတို့ဘေးကနေအစမ်းလေ့ကျင့်နေတာကိုအေးအေးဆေးဆေးကြည့်နေခဲ့တယ်။ သူတို့ကိုကြည့်နေစဉ်သူကအချက်တစ်ချက်ကိုရှာဖွေတွေ့ရှိလို့သွားခဲ့တယ်။


"စုန်းမကအချောဆုံးဘဲ" သူက Fang Shucheng ကိုလှမ်းပြောလိုက်တယ်။

Fang Shucheng ကလည်းတိုးတိုးပြန်ပြောလိုက်တယ် -“ မင်းကိုယ့်ကိုကိုယ်ထိန်းသင့်တယ်။ ဒီရက်ပိုင်းမှာမင်းရဲ့မျက်လုံးတွေက Xie Jun ကိုအဆက်မပြတ်စူးစိုက်ကြည့်နေခဲ့တာနော်။ "

Zhuang Yi ကအနက်ဖြစ်သွားကာ "နောက်ဆုံးတော့သူကငါ့ထပ်ပိုချောတယ်လို့ ငါဝန်ခံတဲ့တစ်ဦးတည်းသောလူဘဲ။ "

ဒါပေမယ့်သူကတကယ်စောနကနည်းနည်းစိတ်လှုပ်ရှားသွားခဲ့တယ်ဆိုတာကိုတော့သူမငြင်းနိုင်ပါဘူး။

ပြီးတော့သူ့ရဲ့အဲ့ဒီ့စိတ်လှုပ်ရှားမှုကြောင့်ငေးနေရင်တောင်လက်ချော်သွားခဲ့ရတယ်လေ။

စတုတ္ထဇာတ်ကွက်ကရေသူမမင်းသမီးကသူမရဲ့ညီမဖြစ်သူကစုန်းမရဲ့ဆေးရည်ကိုယူပြီးသူမအမြီးကိုခြေထောက်အဖြစ်သို့ပြောင်းလဲ၍မင်းသားကိုရှာရန်ကမ်းသို့သွားခဲ့သိရှိသွားတာဘဲဖြစ်တယ်။ ဒေါသတကြီးဖြင့်စုန်းမကိုရှာကာသူမဘာကြောင့်လုပ်ခဲ့သည်ကိုမေးခဲ့တယ်။

အတန်းစောင့်က Zhuang Yi ကိုအကြံပေးလိုက်တယ်။ - "နင်ဒေါသထွက်နေရမှာ စိတ်လှုပ်ရှားရမှာမဟုတ်ဘူးနော်။ "

Zhuang Yi ကရိုးသားလေတယ်။ " ငါဒေါသထွက်နေတာကိုသရုပ်ဆောင်နေတာလေ။ "

အတန်းမော်နီတာက“ ဒါပေမယ့်နင်ကစုန်းမရဲ့ရင်ခွင်ထဲနောက်စက္ကန့်ပိုင်းလောက်မှာပြေးဝင်တော့မလိုနင့်မျက်လုံးတွေကတောက်ပနေတာလေ။ ”

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Donde viven las historias. Descúbrelo ahora