Chapter - 20 [Uni]

1.3K 208 6
                                    

ရက်အနည်းငယ်အကြာတွင် Zhuang Yi ရဲ့အမေကအားလပ်ရက်ခရီးထွက်ခဲ့ပါတယ်။ သူက Xie Jun အားနှစ်သစ်ကူးပစ္စည်းအချို့ဝယ်ဖို့ထိုနှစ်ရက်ကစားရန်အချိန်မရှိဘူးလို့ပြောခဲ့တယ်။

Xie Jun ကနှစ်သစ်ကူးကုန်ပစ္စည်းတွေကိုသူတစ်ခါမှမဝယ်ဖူးဘူးလို့ပြောခဲ့တယ်။ တရုတ်နှစ်သစ်ကူးကသူ့အဖေအတွက်အလုပ်များဆုံးအချိန်ဘဲဖြစ်တယ်။ ထို့ကြောင့်ဆယ်စုနှစ်တစ်ခုကျော်အတွင်းသူတို့ထိုကာလအတွင်းအတူတူထမင်းမစားဖူးခဲ့ကြဘူး။

Zhuang Yi ကဒီနှစ်မှာရောဒီလိုပဲလားလို့သူ့ကိုမေးခဲ့တယ်။

Xie Jun ကလည်းဟုတ်ပါတယ်လို့ပြန်ပြောခဲ့ပြီးသူတို့ကနှစ်သစ်ကူးညမှာအစောင့်တွေယူလာတဲ့စားစရာတွေကိုဘဲညစာအတွက်စားကြတာ။


Zhuang Yi က Xie Jun ကိုနှစ်သစ်ကူးအကြိုညစာစားဖို့ခေါ်လို့ရမလားလို့သူ့အမေကိုမေးခဲ့တယ်။

သူတို့မိသားစုကလည်းအမေနှင့်သားသာရှိပြီးအတူတူစားကြတာဖြစ်တယ်။ သူ့အဘိုးအဘွားတွေကိုမြောက်ပိုင်းမှာအခြေချဖို့သူ့ ဦးလေးကခေါ်သွားကြတယ်။ သူ့အမေကနှစ်သစ်ကူးအတွက်တစ်ခုခုလှမ်းပို့ပေးလိုက်ရုံသာ။

သူ့အမေကအခြေအနေကိုနားလည်ပြီးပျော်ပျော်ကြီးကိုသဘောတူလိုက်တယ်။ သူမကနှစ်သစ်ကူးကုန်ပစ္စည်းတွေအများကြီးတောင်ထပ်ဝယ်ပါတော့တယ်။

"ငါအေးစက်ပြီးအထီးကျန်တဲ့အိမ်ကိုကြောက်ခဲ့ဖူးတယ်" Zhuang Yi အမေကပြောလေတယ်။ “ အခုမင်းမှာဒီလိုသူငယ်ချင်းကောင်းတစ်ယောက်ရှိနေတာကြောင့်အမေစိတ်သက်သာသွားပါပြီ”

နှစ်သစ်ကူးအခါသမယတွင် Xie Jun ကအိတ်ကြီးတစ်လုံးနှင့်လွယ်အိတ်ငယ်တစ်လုံးကိုသယ်ဆောင်ကာရောက်လာခဲ့တယ်။ Zhuang Yi ရဲ့အမေကတော့အံ့သြသွားခဲ့တယ်။ အားဖြည့်ဆေး၊ အထောက်အကူပစ္စည်းတွေ၊ အလှကုန်စသဖြင့်အများကြီးပါဘဲ။ သူတို့ကသူမအတွက်၀ယ်လာခဲ့ပုံရသည်။

Zhuang Yi ရဲ့အမေကအရွှန်းဖောက်တယ်။ “ ဒီကလေးကိုကြည့်ပါဦး။ အရမ်းယဉ်ကျေးတာဘဲ။ သားမက်တစ်ယောက်အလည်လာတာနဲ့တောင်တူတယ်။ ”

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now