Chapter - 18 [Uni]

1.2K 237 3
                                    

Zhuang Yi ကသူ့လှည့်စားခြင်းကိုမခံခဲ့ပေ။ လူယုတ်မာအပြုံးလေးတစ်ခုကသူ့မျက်နှာပေါ်တွင်ကပ်လျှက်“ မင်းရေချိုးနေတုန်းမင်းကွန်ပျူတာကိုစစ်ဆေးလိုက်မှာနော်။ ”

Xie Jun ကစိတ်မ၀င်စားပါ။ "စကားဝှက်ကမင်းမွေးနေ့"

Zhuang Yi က Xie Jun ရဲ့ကွန်ပျူတာကိုတွေ့သည်နှင့်စကားဝှက်ကိုရိုက်ထည့်လိုက်ပြီး E drive ကိုနှိပ်လိုက်တော့သော့ခတ်ထားတဲ့ Folder ကိုတွေ့လိုက်ရတယ်။ သူကရယ်ကာစကားဝှက်ကိုရိုက်ထည့်ပြီးဝင်လိုက်တယ်။ သူကစကားဝှက်မှားနေတယ်လို့အကြောင်းကြားခံခဲ့ရတယ်။ ထိတ်လန့်သွားပြီးသူ့နာမည်ကိုမန်ဒရင်းအသံထွက်နဲ့ရိုက်ဖို့ကြိုးစားလိုက်တယ်။ ဒီတခါတော့သူမှန်သွားခဲ့တယ်။

မမျှော်လင့်စွာဘဲ ဖိုင်တွဲတွင်သူအကြိုက်ဆုံးဗီဒီယိုလေးများမပါ၀င်ပါ။ ထိုအစား၎င်းတွင် 2.8Gb တန်ဖိုးရှိဓာတ်ပုံများအပြည့်ပါ၀င်လေသည်။

Zhuang Yi ကထိုဖိုင်ကိုလှန်လောရှာဖွေလိုက်ပြီးသူရဲ့လှုပ်ရှားမှုများကတဖြည်းဖြည်းနှေးကွေးလာခဲ့တယ်။

ဓာတ်ပုံများတွင်‌တော့သူနှင့် Xie Jun တို့ပါဝင်လေသည်။ ဓာတ်ပုံတွေအားလုံးကတူညီတဲ့ရက်စွဲတွေနဲ့တစ်ပုံပြီးနောက်တစ်ပုံသေချာစီထားပေမယ့်သူတို့နှစ်ယောက်စလုံးတစ်ပုံထဲတူတူတော့မပါဝင်ခဲ့ပေ - နောက်ဆုံးတစ်ပုံမှလွဲ၍ပေါ့။

သူကအောက်ဆုံးကိုရွေ့သွားလိုက်တယ်။ သူကလွန်ခဲ့သောတစ်နှစ်ကဓာတ်ပုံတစ်ပုံကိုတွေ့ရမယ်လို့မမျှော်လင့်ခဲ့ပေ။ ထိုအချိန်တွင်သူကအားကစားကွင်းကထိုင်ခုံပျဉ်ပြားတန်းများပေါ်တွင်ထိုင်နေခဲ့ကာလက်နှစ်ချောင်းထောင်နေခဲ့တာဖြစ်တယ်။ သူ့ဘေးက Xie Jun က XX အထက်တန်းဘတ်စကက်ဘောလိဂ်ဖလားကိုဆွတ်ခူးနေကာပြုံးလျက်ပလက်ဖောင်းပေါ်တွင်ရပ်နေခဲ့တာဖြစ်တယ်။

Zhuang Yi ချက်ချင်းသတိရလိုက်တယ်။ လွန်ခဲ့သောတစ်နှစ်ကကျောင်းဘတ်စကတ်ဘောအသင်းကမြို့အချင်းချင်းဘတ်စကက်ဘောလိဂ်ပြိုင်ပွဲကို၀င်ရောက်ခဲ့တယ်။ အဖွဲ့ကချွင်းချက်တစ်ခုထားပြီးပထမနှစ်အထက်တန်းကျောင်းသားအားအဖွဲ့ကိုဦးဆောင်စေတာကိုသူကြားခဲ့ရတယ်။ သူအရမ်းစိတ်ပူနေခဲ့ပြီးသူတို့ကျောင်းကဆိုးဆိုးရွားရွားရှုံးနိမ့်မှာကြောက်လို့ဂိမ်းကိုကြည့်ရင်းတကယ်ကိုရင်တုန်နေခဲ့ရတာ။

ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅Where stories live. Discover now