သူမရဲ့လက်မောင်းကြောင့် Zhuang Yi အမေကချက်ပြုတ်နိုင်ခြင်းမရှိတာကြောင့် Xie Jun အားတာဝန်ပေးလိုက်ရသည်။
Zhuang Yi ရဲ့အမေကသူ့အားစိတ်အနှောင့်အယှက်ပေးရသည်ကိုရှက်မိသော်လည်း Zhuang Yi ကသူမအားအဆင်ပြေကြောင်းပြောခဲ့တယ်။ သူကဒီနေ့ဒါကိုအရင်ကြိုးစားပြီးအစမ်းလုပ်ရမှာဖြစ်ပြီးမနက်ဖြန်မှာအစစ်ချက်ပြုတ်ရမှာဘဲဖြစ်တယ်။
အစပိုင်းမှာ Zhuang Yi ရဲ့အမေကစိုးရိမ်ပြီးဧည့်ခန်းထဲက TV ပေါ်မှာအာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့်သူမကမီးဖိုချောင်ကိုခဏခဏလာကြည့်လေတယ်။ Xie Jun ကချက်ပြုတ်ရာမှာအတော်လေးကျွမ်းကျင်ပြီး Zhuang Yi ကိုလည်းလုံလုံလောက်လောက်စနစ်တကျဖြစ်အောင်ထိန်းသိမ်းနိုင်တယ်ဆိုတာသူမသိရှိသွားလေတယ်။ Zhuang Yi ကဓားနဲ့အိုးကိုမထိပေမယ့်သူ့ကိုကူညီနိုင်အောင်ညွှန်ကြားလေတယ်။
Zhuang Yi အမေကစိတ်သက်သာရာရသွားတယ်။
နောက်ပိုင်းတွင်ပန်းကန်များတည်ခင်းပြီးတဲ့အခါ Zhuang Yi ကသူနှင့် Xie Jun တို့အတူတကွချက်ပြုတ်ထားတာဖြစ်ပြီးပန်းကန်ကြီးသုံးလုံးစားလောက်နိုင်ကြောင်းကျယ်လောင်စွာကြေငြာခဲ့တယ်။ Zhuang Yi အမေကထောက်ခံသည့်သဘောဖြင့်ခေါင်းညိတ်ပြလေတယ်။ ထိုအတိုင်ဖောက်ညီနှစ်ယောက်နဲ့ Xie Jun ရဲ့မျက်လုံးများနှင့်ဆုံသွားပြီးနောက်သူတို့အားလုံးမတတ်နိုင်စွာရယ်မောမိကြတယ်။
ဒီပေါတောတောကလေးကတော့နော် Zhuang Yi အမေကသူမဘာသာသူမတွေးလိုက်မိတယ်။ Xie Jun ကသူ့ကိုချော့မော့ဖို့ဆန္ဒရှိတာကံကောင်းတာဘဲ။
ထမင်းစားနေစဉ် Zhuang Yi ကကိစ္စတစ်ခုကိုရုတ်တရက်သတိရလိုက်တယ် -“ အမေ၊ ဦးလေးကိုသူ့ရဲ့ဖုန်းနံပါတ်ကိုထားခဲ့ပါလို့ အမေတစ်ခုခုအကူအညီလိုအပ်ရင်သူ့ကိုခေါ်ဖို့ အမေပြောခဲ့တယ်မဟုတ်လား။ ကျွန်တော့ကိုနံပါတ်ပေးပါ။ ကျွန်တော်သူတို့ကိုကျေးဇူးတင်ရမယ်။ ”
Zhuang Yi ရဲ့အမေကခေါင်းညိတ်လိုက်ပြီးနံပါတ်ရေးထားတဲ့စက္ကူချပ်ကိုသူ့ကိုပေးလိုက်တယ်။ Xie Jun ကလက်ရေးကိုရင်းနှီးပုံရသော်လည်း၎င်းကိုတစ်ချက်သာကြည့်လိုက်တယ်။
Zhuang Yi ကထမင်းစားပြီးပြီးချင်းဖုန်းခေါ်လိုက်လေတယ်။
အခြားတစ်ဖက်ကဆူဆူညံညံဖြစ်နေသော်လည်းထို ဦးလေးရဲ့အသံကကြားရသည်မှာအတော်လေးသာယာသည်။ Zhuang Yi ကဖုန်းကိုချလိုက်ပြီး Xie Jun ကိုစိတ်လှုပ်ရှားစွာစကားပြောခဲ့တယ်။
KAMU SEDANG MEMBACA
ဘတ်စကက်ဘောခေါင်းဆောင်က ငါနဲ့ Date ဖို့ဆုံးဖြတ်လိုက်တယ်!! [ဘာသာပြန်] Complete ✅
RomansaAuthor - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all Author and Translator.