_1_That day love was not found. It found me.

15.5K 272 2
                                    


သူ့ဆီကို ကျမက သွားခဲ့တာမဟုတ်ပဲ သူက ကျမဆီကို ရောက်လာခဲ့တာပါ။ မပျော်ရွှင်တတ်တဲ့ ကျမဆီကို ပျော်ရွှင်ခြင်းတွေ သယ်ပိုးပြီး သူက ရောက်လာခဲ့တာပေါ့။ ဟိုးအဝေးကြီးကနေ.... ကျမတို့ မြို့ကလေးဆီကို... ပါပါးရဲ့ကော်ဖီဆိုင်လေးဆီကို..... ကျမဆီကို.... သူကပဲ အရင် လာခဲ့တာပါ။ ကျမက ဖိတ်ခေါ်ခဲ့တာမဟုတ်ပါဘူး။ သူကိုယ်တိုင် ကျမကမ္ဘာငယ်လေးဆီ ဝင်ရောက်လာခဲ့တာ။

🌻🌻🌻🌻🌻

သူမအသက် ၁၁နှစ်။

" နေကြာ.... ဟေ့.... သမီးရေ.... "

နေကြာ.... လောကကြီးထဲ ကြာကြာနေရအောင်လို့ နာမည်ပေးခဲ့တဲ့ နေကြာ။

" သမီးရေ.... "

ဆိုင်ထဲကနေ လူတစ်ယာက် ထွက်လာကာ ကလေးမငယ်လေးရှိနေသည့်နေရာသို့ ရောက်လာသည်။

" ပါပါခေါ်နေတာကို.... မကြားချင်ယောင်ဆောင်နေတယ် "

" မီး... ပုံဆွဲနေလို့.... "

ဆီမလိမ်းရသေးသည့် ဆံနွယ်လေးများက လှိုင်းထကာ လည်ဂုတ်နားမှာ ဝဲနေကြသည်။

" ဘာပုံဆွဲတွေနေတာလဲ..... "

သူမက မြေကြီးပေါ်မှာဆွဲထားတဲ့ပုံကို တုတ်ချောင်းနဲ့ ခြစ်ပစ်လိုက်ပြီး....

" ဘာမှ မဟုတ်ပါဘူး.... "

" ဟုတ်လား..... အင်းပါ။ ထမင်းမစားသေးပဲ ပျောက်နေလို့.... "

မကြည့်စေချင်လို့ ဖျက်လိုက်တာကို သိပေမယ့် သူ တစ်ချက်ကြည့်လိုက်သေးသည်။

" မစားချင်သေးလို့.... "

" မစားချင်သေးလို့ မရပါဘူး.... မနက်ကလည်း ဘာမှမစားပဲ... "

ဝေါ.....

သားအဖနှစ်ယောက် စကားပြောနေတုန်း လမ်းကလေးထဲကို အိမ်ထောင်ပရိဘောဂများ သယ်ဆောင်လာသည့် ကားတစ်စင်း ဝင်လာသည်။

" အိမ် ပြောင်းလာတာလား မသိဘူး "

နေကြာဆိုသည့် ကလေးမကလေးကတော့ လမ်းထဲရောက်လာသည့်ကားက သူမနှင့် မဆိုင်သလိုမျိုး ခေါင်းငုံ့ကာ မြေကြီးကိုပဲ ကြည့်နေခဲ့သည်။ ကားက သူတို့ဆိုင်ရှေ့က ဖြတ်သွားတော့ လေဟပ်ကာ သူမရဲ့ ဆံနွယ်ခွေလေးများက လေထဲမှာ လွင့်ပျံသွားကြသည်။  ကျောက်တုံးကြီးတွေ စီထပ်ကာ ကာရံထားသည့် ကုန်းမြင့်ပေါ်က အိမ်လှလှလေးရှေ့မှာ ကားက ရပ်သွားသည်။

Sunflower: always long for only one.Where stories live. Discover now