_22_The world of no music.

2.2K 123 7
                                    

" ရေဒီယို မဖွင့်စမ်းပါနဲ့.... " .

" ဘာလို့လဲ ရိုစီ...."

" ငါသီချင်းတွေကို မုန်းတယ်.... "

ရိုစီသည် အဲ့ဒီချိန်တွေ မတိုင်ခင်တုန်းက သိပ်ကို နူးညံ့သိမ်မွေ့သော မိန်းကလေး ဖြစ်ခဲ့ပါသည်။ အမုန်းဆိုတာကို မသိပဲ... လှလှလေးပြုံးတတ်သော... သီချင်းတွေ ဆိုနေရရင်ကိုက ပျော်နေတတ်သော နှင်းဆီကလေး ဖြစ်ခဲ့သည်။

အခုတော့... အရာအားလုံး ဖြစ်ပျက်​ပြီးသွားတဲ့နောက်မှာတော့ သီချင်းသံတွေကို မုန်းတတ်ခဲ့ပြီး လူတွေကိုလည်း နာကျည်းတတ်ခဲ့သည်။

ရိုစီတစ်ယောက်ထဲအနေနဲ့ဆိုရင် နေကြာ့လေးကို မွေးမယ်။ နောက်ပြီးရင် သူမတို့ကို မွေးစားခဲ့ရာ မိဘမဲ့ဂေဟာကို ပို့မယ်ဆိုပြီး ဆုံးဖြတ်ထားတာ ဖြစ်သည်။ အဲ့ဒါကို ဖရက်ဒီက သူမကို ချော့မော့ ပြောဆိုခဲ့ပြီး.... သူနဲ့ မိသားစုဘဝကို တည်ထောင် ဖြစ်ခဲ့သည်။

" ရိုစီ.... ငါတို့နှစ်ယောက်စလုံး မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ကြရတာမလား။ ပျော်ခဲ့ရပေမယ့် အစစ်အမှန် မပျော်ခဲ့ရဘူး။ ရှင်သန်ဖို့ လုံလောက်တယ်ဆိုပေမယ့်လည်း.... တစ်ခုခုကတော့ အမြဲလိုအပ်နေခဲ့ပြီး ငါတို့ ရင်ဘက်ထဲမှာ ကွက်လပ်တစ်ခုက အမြဲရှိနေခဲ့တယ်​.... နင် နင့်ကလေးကို ငါတို့လို မပြည့်စုံတဲ့ဘဝနဲ့ ကြီးပြင်းလာစေချင်လို့လား... "

" ငါ.... ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး... "

" ငါတို့က တာဝန်မယူတတ်တဲ့ မိဘတွေကြောင့် ငါတို့ငယ်ဘဝမှာ နွေးထွေးတဲ့ မိသားစုဘဝကို မရခဲ့တာ... ရိုစီ... ဒါပေမယ့်... ငါတို့ကလေးတစ်ယောက်ကိုတော့ နွေးထွေးတဲ့ မိသားစုဘဝကို ပေးနိုင်အောင် ပေးကြမယ်။ ငါတို့ အတူ ကောင်းမွန်တဲ့ မိသားစုဘဝကို ဖန်တီးလို့ရတာပဲ ရိုစီ.... ငါတာဝန်ယူပါတယ်။ ငါ မင်းကိုရော.... မင်းဗိုက်ထဲက ကလေးကိုရော ငါတာဝန်ယူတယ် "

" ဘာလို့လဲ.... ဖရက်ဒီ... "

အဲ့ဒီတုန်းက ရိုစီ့မျက်ဝန်းတွေကို မှတ်မိသေးတယ်။ ပင်ပန်းနွမ်းလျစွာနဲ့... လောကကြီးကို စိတ်ကုန်စွာ ကြည့်နေခဲ့တာ....

Sunflower: always long for only one.Where stories live. Discover now