_3_Colorful.

2.8K 146 3
                                    

ကျမက တစ်ညလုံးရွာခဲ့တဲ့မိုးကြောင့် မိုးစိုနေတဲ့ ပန်းပွင့်ကလေးပါ။ မျှော်လင့်ချက်ရော အိပ်မက်ရော ပျောက်ဆုံးနေခဲ့တာကို သူက နေရောင်ခြည်တွေပေးခဲ့တာ။

မိုးရွာပြီး နောက်တစ်နေ့မနက်မှာ သာတဲ့နေမင်းလိုပဲ ကျမဘဝကို သူက အရောင်စုံအောင် ဆေးခြယ်ပေးခဲ့တာ။

🌻🌻🌻🌻🌻

*You're my sunshine.... my only sunshine.... you make me happy when skies are grey.....*

Original song က Jhonny Cash ဖြစ်ပြီး နေကြာမမွေးခင် နှစ် ငါးဆယ်ကျော်လောက်ကတည်းက ရှိနေခဲ့တဲ့သီချင်းဖြစ်ပါသည်။ ထိုသီချင်းကို ရိုစီက nursery rhyme ပုံစံမျိုး စန္ဒယားတီးပြပြီး နေကြာ့ကို ငယ်ငယ်က ချော့သိပ်ခဲ့ပါသည်။ တစ်ခါတလေ ဂစ်တာတီးပြပြီးတော့လည်း ချော့သိပ်ဖူးသည်။ ရိုစီဆိုပြရင် " Twinkle twinkle little star " ဆိုတာကစ နားထောင်လို့ကောင်းခဲ့ပါသည်။ ရိုစီဆိုပြသမျှ သီချင်းတိုင်း သံဇဉ်တိုင်းက လှပတာမို့ နေကြာက ညအိပ်ခါနီးပြီဆိုတာနဲ့ သီချင်းဆိုပြဖို့ ဂျီကျကာ ပူဆာဖူးသည်။ တကယ်ကို ပြန်လိုချင်ခဲ့သော နေ့ရက်များပါပဲ.... လွမ်းလိုက်တာ။

" တော်လိုက်တာ.... နေကြာ့ကို ပီယာနိုတီးတတ်တယ်လို့တော့ ဖရက်ဒီက ပြောဖူးပေမယ့် အဲ့ဒီလောက် တော်မယ်မထင်ဘူး.... "

နေသာဦးရောက်နေတာကိုမသိပဲ နေကြာက စန္ဒယားဝင်တီးနေမိခြင်းဖြစ်သည်။ မာမားဆုံးသွားပြီးကတည်းက အခုမှ ပထမဆုံး ဒီခုံမှာ ဝင်ထိုင်မိတာလည်း ဖြစ်သည်။ သီချင်းတစ်ပုဒ်ကို ဆိုငြီးကာ တီးရလောက်အောင်ထိ သူမစိတ်ဝိညဥ်က မပျော်ရွှင်နေခဲ့တာမို့..... ဒီကနေ့တော့.... အခုတလောတော့ စိတ်ကလေးထဲ ကြည်လင်နွေးထွေးနေမိလို့....

" နေကြာ တီးတာ မကြားရတာ ကြာပြီ..... ပါပါ့ကလေးလေးကတော်လိုက်တာ.... "

နေကြာက ချီးကျူးခံရတော့ ပြုံးပြုံးကလေး ရပ်နေခဲ့ပါသည်။

" အဲ့သီချင်းက *You're my sunshine ဟုတ်တယ်မလား.... "

" ဟုတ်.... "

" တော်လိုက်တာ..... နောက်ခါ ဖရက်ဒီမအားရင် နေကြာ့ကို သင်ခိုင်းရမယ် "

" မီးငယ်က သူများကို သင်ပေးရလောက်အောင်ထိ မတီးတတ်ပါဘူး.... "

Sunflower: always long for only one.Where stories live. Discover now