_23_Sunflower who abandoned her sun.

2.4K 127 2
                                    

" နေကြာ.....
ညည်း ပါပါကို ကျေးဇူးသိတတ်ရမယ်နော်..... "

ကိုမင်းမင်းက နေကြာထိုင်နေရာဆီကို ကော်ဖီတစ်ခွက်နဲ့ရောက်လာပြီး စကားအစပ်အဆက်မရှိ ပြောနေသည်။

" ဖရက်ဒ်က ညည်းကို ပြုစုစောင့်ရှောက်ဖို့ ဘယ်လောက်တောင် ပင်ပန်းခဲ့တယ်ဆိုတာ သိတယ်မလား... "

" ဟုတ်.... "

ဆိုင်အပြင်ဘက်မှာ လူရှင်းတုန်း ထွက်သွားပြီး အကျောဆန့်အညောင်းဖြေနေတဲ့ ဖရက်ဒီကို နေကြာ လှမ်းငေးနေမိသည်။ ဖရက်ဒီဟာ... သူမနဲ့အတူ ရှင်သန်နေထိုင်လာရင်းကိုက တဖြေးဖြေးနဲ့ အိုစာလာခဲ့ပြီ။

" နေကြာလေးက လိမ္မာပါတယ်... "

နေကြာ ပြုံးပြလိုက်သည်။

" နောက်တစ်ခါ ကိုယ့်ကိုကိုယ် သတ်သေတာမျိုး မလုပ်ပါနဲ့ကွာ.... ညည်းတစ်ခုခု ဖြစ်သွားရင် ဖရက်ဒ် ရင်ကျိုးရမှာ... "

သိပါတယ်။ ဖရက်ဒီက သူမဆေးရုံရောက်နေတဲ့ တစ်လလောက် အတောတွင်းမှာကိုပဲ အတော်လေး ပိန်ကျသွားပြီး ချိနဲ့သွားရှာတာ...

" သိတတ်တဲ့ သမီးလိမ္မာတစ်ယောက်ဖြစ်အောင် မီးငယ် ကြိုးစားမှာပါ... "

" အင်းပေါ့.... ပြောစရာမလိုအောင်ကို နေကြာလေးက လိမ္မာပြီးသားပါ.... "

နေကြာက​တော့ အပြင်ဘက်က ဖရက်ဒီကိုပဲ လှမ်းငေးနေခဲ့သည်။

🌻🌻🌻

" အကိုက.... အကိုက.... ESTB က Sunny မလား.... "

ကော်ဖီဆိုင်မှာ စားပွဲထိုးကူလုပ်ပေးနေတဲ့ နေသာဦးကို ဆိုင်လာတဲ့ကောင်မလေးများက ချက်ချင်းပဲ မှတ်မိသွားကြသည်။ နေသာက သူ့ဆံပင်တွေကို ထိုးဖွလျက်...

" ဟုတ်ကဲ့ခင်ဗျ.... "

" ဟာ.... တကယ် Sunny ပဲ။ ညီမတို့က ESTB ရဲ့ real fan တွေပါ.... ရှိုးပွဲတွေတိုင်းလည်း လိုက်နားထောင်တယ်။ အခွေထွက်သမျှလည်း ဝယ်တယ်... "

" ဟုတ်ကဲ့.... ကျေးဇူးပါ.... "

" ​နောက်ဆုံး အခွေထွက်ပြီး အဖွဲ့ကို ဖျက်သိမ်းလိုက်တာ လုံးဝစိတ်မကောင်းဘူး... ညီမဆို ငိုလိုက်ရတာ အဲ့ဒီသတင်းကြေငြာတဲ့နေ့ကလေ.... "

Sunflower: always long for only one.Tempat cerita menjadi hidup. Temukan sekarang